
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်
လွန်ခဲ့သောတစ်နှစ်ကျော်က ဆုံးရှုံးခဲ့သော နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ မြန်မာစစ် ကော်မရှင်ဟာ တစ်ကျော့ပြန် အင်အားတောင့်လာပုံပေါ်ပါတယ်။ တစ်လကျော်ကြာ တိုက်ပွဲတွေဖြစ်ပွား ပြီးနောက် အောက်တိုဘာလ ၁ ရက်မှာ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ တအောင်းတပ် (TNLA) ထံမှ မဟာ ဗျူဟာကျတဲ့ ကျောက်မဲမြို့ကို ပြန်သိမ်းပိုက်ခဲ့ပါတယ်။
TNLA ဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ စစ်ကော်မရှင်ထံမှ ကျောက်မဲမြို့ကို သိမ်းပိုက်ခဲ့တာပါ။ ကျောက် မဲမြို့ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အဓိက သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံသို့ အရေးပါသော သယ်ယူပို့ဆောင်ရေး အသက်သွေးကြောဖြစ်တဲ့ ရှေးဟောင်းမြို့တော် မန္တလေးမှ နာရီအ နည်းငယ်သာ သွားရတဲ့နေရာမှာ တည်ရှိပါတယ်။
တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်လာမှုက မြန်မာစစ်တပ်ရဲ့ အင်အားပြန်လည်စုဖွဲ့မှုကို အ ထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်မှာ စစ်ကော်မရှင်ဟာ TNLA ပါဝင်တဲ့ တိုင်းရင်း သား လက်နက်ကိုင်မဟာမိတ်အဖွဲ့ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်ထံ နယ်မြေတွေ ဆက်တိုက် ဆုံးရှုံးခဲ့ပါ တယ်။
တရုတ်နိုင်ငံဟာ အစောပိုင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ထောက်ခံခဲ့ပေမယ့် ဇန်နဝါရီလအ တွင်း အပစ်အခတ်ရပ်စဲရေးကို အကျိုးဆောင်ပေးချိန်မှာ နှစ်ဘက်စလုံးကို အပြင်းအထန် ဖိအားပေးခဲ့ပါ တယ်။
ထို့နောက်ပိုင်း ဆီးရီးယားပုံစံ နိုင်ငံပြိုလဲမှုကို ရှောင်ရှားဖို့ တရုတ်နိုင်ငံဟာ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးခိုင်မာဖို့ လိုအပ်တယ်လို့ ယူဆခဲ့ပုံပေါ်ပါတယ်။ စစ်ကော်မရှင်ကို ရွေးကောက်ပွဲ ကျင်းပဖို့ တွန်းအားပေးတာအပြင် မြန်မာနိုင်ငံသို့ ဒေါ်လာ ၃ ဘီလီယံ ထောက်ပံ့ဖို့ ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ တရုတ် နိုင်ငံက ကတိပြုခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
တရုတ်နိုင်ငံထုတ် စစ်လက်နက်တွေ အထူးသဖြင့် ဒရုန်းတွေဟာ မြေပြင်ထိန်းချုပ်မှု ပြန်လည်ရရှိ ဖို့ စစ်ကော်မရှင်တပ်ဖွဲ့တွေကို အထောက်အပံ့ဖြစ်စေပါတယ်။ ယခုနှစ် ဧပြီလအတွင်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အကြီးဆုံးမြို့တွေထဲက တစ်မြို့ဖြစ်တဲ့ လားရှိုးကို မြန်မာစစ်တပ်ထံ ပြန်ပေးဖို့ ညီနောင်မ ဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို တရုတ်နိုင်ငံက တွန်းအားပေးခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကျောထောက်နောက်ခံပြုမှုကြောင့် မြန်မာစစ်ကော်မရှင်ဟာ သံတမန်ရေးရာ အ ထီးကျန်ဆန်မှုမှ ထွက်ပေါက်ရစေခဲ့ပါတယ်။ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရှန်ဟိုင်း ပူး ပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ မကြာသေးမီက တရုတ်နိုင် ငံ၊ တီယန်ကျင်းမြို့သို့ သွားရောက်ကာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီနှစ်အတွင်း ထိုင်း၊ ရုရှား၊ ဘီလာရုစ်နဲ့ ကာဇတ်စတန်နိုင်ငံ များသို့လည်း သွားရောက်ခဲ့ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ကို တရားဝင်မှုပေးကြောင်း ဝန်ခံ ကာ စစ်လက်နက်တွေ အထူးသဖြင့် ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ခဲ့သော ရုရှားနိုင်ငံဟာ ကာလ ရှည် မိတ်ဖက်တစ်နိုင်ငံဖြစ်ပြီး မင်းအောင်လှိုင်ရဲ့ မိုဒီနဲ့တွေ့ဆုံမှုက ကြီးမားသော အခိုက်အတန့်တစ်ခု ဖြစ် ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ မြန်မာနဲ့ပတ်သက်လို့ ယခင်ကတည်းက လက်တွေ့ကျသော နည်းလမ်းတစ်ရပ် ကို ကျင့်သုံးခဲ့ကာ ခွဲထွက်ရေးအုပ်စုတွေ လှုပ်ရှားလျက်ရှိရာ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လုံခြုံရေးကို အ လေးထားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နဲ့ ဆက်ဆံရေး ထူထောင် ထားသလို မြန်မာစစ်ကော်မရှင်ထံသို့လည်း စစ်လက်နက်တွေ ရောင်းချခွင့်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ ဒေသဆိုင်ရာမူဝါဒမှာ အရေးပါသော မဏ္ဍိုင်တစ်ခုဖြစ်တယ်လို့ မိုဒီရဲ့ ကြေညာချက်နဲ့ စွမ်းအင်၊ လုံခြုံရေးနဲ့ မြေရှားသတ္တုနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်ဟာ မြန်မာစစ်ကော်မရှင်နဲ့ ဆက်ဆံရေး နွေးထွေးလာကြောင်း ပြသနေပါတယ်။ နိုင်ငံတကာ လေ့လာသူတွေ က အတုအယောင်ရွေးကောက်ပွဲလို့ ကျယ်ကျယ်ပြန့်ပြန့် ညွှန်းဆိုထားတဲ့ ဒီဇင်ဘာလ မြန်မာရွေးကောက် ပွဲသို့ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ဖို့ အိန္ဒိယနိုင်ငံက သဘောတူလိုက်ပြီလို့ မြန်မာနိုင်ငံပိုင်မီဒီယာ တွေက ဖော်ပြခဲ့ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် တွန်းအားပေးရာမှာ အာဏာသိမ်းစစ်တပ်ကို သံတမန်ရေး ရာ ထီးတည်းဖြစ်အောင် အသုံးချတဲ့ အာဆီယံအဖွဲ့ရဲ့ ချည်းကပ်နည်းဟာ စုတ်ပြတ်သတ်ပုံပေါ်ပါတယ်။ ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်တွေနဲ့ အတိုက်အခံအုပ်စုတွေကို ခိုလှုံခွင့်ပြုယုံသာမက မြန်မာဓာတ်ငွေ့ လုပ်ကွက်တွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံပိုင် ထိုင်းကုမ္ပဏီတွေမှတစ်ဆင့် အာဏာသိမ်းစစ်အုပ်စုကို ငွေ ကြေး ထောက်ပံ့ပေးနေပါတယ်။
အိန္ဒိယနိုင်ငံကဲ့သို့ပင် ထိုင်းနိုင်ငံဟာ မြန်မာနဲ့ ရှည်လျားသော နယ်နိမိတ် ထိစပ်နေတာကြောင့် တည်ငြိမ်ရေး အမည်ခံကာ လက်နက်ကိုင်အဖွဲ့တွေအပြင် စစ်အုပ်စုနဲ့ပါ ဆက်ဆံရေး ထူထောင်ထားပါ တယ်။ မြန်မာပဋိပက္ခမှာ ပွဲကြည့်ပရိသတ်ထက် မပိုခဲ့တဲ့ အမေရိကန်နိုင်ငံဟာ စိတ်ဝင်စားမှုတွေ ရှိလာပါ တယ်။ မြန်မာမှ မြေရှားသတ္တု ရရှိလိုတဲ့ဆန္ဒကြောင့် ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိအချို့ က ထိတွေ့ဆက်ဆံမှုပြုလုပ်ဖို့ တွန်းအားပေးနေပါတယ်။
အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်ဟာ အိန္ဒိယနိုင်ငံမှတစ်ဆင့် မြေရှားသတ္တုတွေ ပို့ဆောင်နိုင် ရေး ဖြစ်နိုင်ချေရှိ မရှိ လုပ်ဆောင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ဆွေးနွေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ စစ်အုပ်စုနဲ့ ပြန်လည် ထိတွေ့ဆက်ဆံမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် KIA နဲ့ စစ်အုပ်စုကြား ငြိမ်းချမ်းရေး သဘောတူညီချက်မှာ အ ကျိုးဆောင်ပေးဖို့ အမေရိကန် တာဝန်ရှိသူအချို့က ကြိုးပမ်းနေပါတယ်။
အောက်တိုဘာလ ၇ ရက်က Foreign Policy မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Joseph Rachman ရဲ့ The Myanmar Junta Is Making Powerful Friends ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။