
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် အရှိန်မြှင့်လာတာ မလိုလားလို့ တိုမာဟော့ခ်ဒုံးကျည်တွေ မ ထောက်ပံ့မီ ယူကရိန်းက အဆိုပါဒုံးကျည်တွေနဲ့ပတ်သက်လို့ မည်သို့စီစဉ်ထားသည်ကို သိရှိလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
ဥရောပတိုင်းပြည်များမှတစ်ဆင့် ယူကရိန်းသို့ ပေးပို့မယ့် တိုမာဟော့ခ်ဒုံးကျည်တွေ ရောင်းချ ပေးဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်နိုင်ငံကို တောင်းဆိုခဲ့ပါတယ်။
တိုမာဟော့ခ်ဒုံးကျည်တွေဟာ အကွာအဝေး မိုင် ၁၅၅၀ အထိ ရောက်ရှိနိုင်ရာ ယူကရိန်းမှ မော်စ ကိုမြို့တော်အထိ ပစ်ခတ်နိုင်ပါတယ်။
အမေရိကန်နိုင်ငံက ရုရှားအတွင်းပိုင်းအထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေကို ယူကရိန်း သို့ ထောက်ပံ့ပါက ရုရှားရဲ့ အမေရိကန်နဲ့ဆက်ဆံရေး ပျက်စီးသွားစေနိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီ မာပူတင်က တနင်္ဂနွေနေ့မှာ ရုပ်သံဖိုင်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
ယူကရိန်းသို့ တိုမာဟော့ခ်ဒုံးကျည်တွေ ထောက်ပံ့ဖို့ ဆုံးဖြတ်ထားပါသလားဟု အိမ်ဖြူတော်မှာ သတင်းထောက်တွေက မေးမြန်းခဲ့ရာ ထိုကိစ္စအပေါ် ဆုံးဖြတ်ချက်တစ်ရပ် ချထားတယ်လို့ ဒေါ်နယ်ထ ရမ့်က ဖြေကြားခဲ့ပါတယ်။
“ယူကရိန်းက တိုမာဟော့ခ်ဒုံးကျည်တွေကို ဘယ်လိုလုပ်မလဲဆိုတာ ကျွန်တော် သိချင်ပါတယ်။ ကျွန်တော် ဒီမေးခွန်း မေးလိုပါတယ်။ စစ်ပွဲ အရှိန်မြှင့်လာတာကို ကျွန်တော် မလိုလားပါဘူး” လို့ သူက ဆိုပါတယ်။
ရုရှားနဲ့ယူကရိန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အပြန်အလှန် တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာလို့ အရပ်သား သေကျေထိခိုက်မှု တိုးလာခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Trump says he would want to know Ukraine’s plans for Tomahawk missiles