ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်

တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ကိုသိမ်းယူမှုက အမေရိကန်အကျိုးစီးပွားတွေကို ခြိမ်းခြောက်စေယုံသာမ က နိုင်ငံတကာစင်မြင့်မှာ တရုတ်ကို အမေရိကန်နဲ့ ယှဉ်ပြိုင်ဖို့ ရဲဆေးတင်ပေးမှုဖြစ်စေမယ်လို့ ထိုင်ဝမ် သမ္မတ လီချင်တေးက အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီလနှောင်းပိုင်း တောင်ကိုရီးယားမှာကျင်းပမယ့် အေပက် ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံနိုင်ပါတယ်။

ရှီကျင့်ဖျင် ဘာလုပ်တယ်ဆိုတာကို အာရုံစိုက်ဖို့ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခွင့်ရရင် အကြံပေးမယ် လို့ လီချင်တေးက ပြောပါတယ်။

“ရှီကျင့်ဖျင်ဟာ ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေ ပိုလုပ်လာယုံသာမက အရှေ့တ ရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်မှာ စစ်အင်အား တိုးချဲ့နေတာကို အာရုံစိုက်ဖို့ ကျွန်တော်က ဒေါ် နယ်ထရမ့်ကို အကြံပြုပါမယ်” လို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုပြီး ပြုလုပ်လာမှုက ထိုင်ဝမ်အတွက်သာ စိန်ခေါ်မှုတစ်ခု မ ဟုတ်ဖူးလို့ ၎င်းက ဆက်ပြောပါတယ်။

“ထိုင်ဝမ် သိမ်းပိုက်ခံရရင် တရုတ်က နိုင်ငံတကာစင်မြင့်မှာ အမေရိကန်နဲ့ ယှဉ်ပြိုင်ဖို့ ပိုပြီး အားရှိ ကာ ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်စေပါမယ်” လို့ လီချင်တေးက ပြောပါတယ်။

“တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်ရင် အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို သက်ရောက်စေပါလိမ့် မယ်။ သမ္မတ ဒေါ်နယ်ထရမ့်က အာရှ-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ဆက်ထိန်းဖို့ ကျွန် တော် မျှော်လင့်ပါတယ်” လို့ သူက ဆိုပါတယ်။

လိုင်ချင်တေးက တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်မှု ပြောဆိုချက်ကို ပယ်ချခဲ့ပြီး ထိုင်ဝမ်ပြည်သူ တွေကသာ ထိုင်ဝမ်ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံက လိုင်ချင်တေးကို ခွဲထွက်ရေးသမားလို့ ခေါ်ဆိုပြီး သူ့ရဲ့ ဆွေးနွေးဖို့ကမ်းလှမ်းချက် တွေကို ထပ်တလဲလဲ ပယ်ချခဲ့ပါတယ်။

ကိုးကား – Reuters
Ref; China takeover of Taiwan would threaten US too, Taiwan president says