ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်

ဩစတြေးလျနဲ့ ပါပူအာနယူးဂီနီတို့ဟာ တစ်နိုင်ငံ တိုက်ခိုက်ခံရပါက တစ်နိုင်ငံက ကူညီပေးရမယ့် အပြန်အလှန် ကာကွယ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီလို့ သိရပါတယ်။

သဘောတူညီချက်ကို ဩစတြေးလျဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘာနိစ်နဲ့ ပါပူအာနယူးဂီနီ ဝန်ကြီးချုပ် ဂျိမ်းစ်မာရာပေးတို့က ကင်ဘာရာမြို့တော်မှာ လက်မှတ်ရေးထိုးခဲ့တာလို့ ဩစတြေးလျဝန် ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

မိကျောင်းလို့ အမည်ပေးထားတဲ့ ဒေသန္တရစကားလုံး ‘Pukpuk’ စာချုပ်အရ နိုင်ငံသားတွေဟာ နှစ် နိုင်ငံစစ်တပ်တွေမှာ တာဝန်ထမ်းဆောင်ခွင့်ရမှာ ဖြစ်ပါတယ်။

“သဘောတူညီချက်မှာ အပြန်အလှန် ကာကွယ်ပေးရမယ့်တာဝန်တွေ ပါဝင်ပါတယ်။ တစ်နိုင်ငံ တိုက်ခိုက်ခံရပါက နှစ်နိုင်ငံစလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဆိုတာ နှစ်နိုင်ငံစလုံး က အသိအမှတ်ပြုပြီး ဘုံရန်သူကို အတူတကွ တုံ့ပြန်ဖို့ သဘောတူပါတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြ ပါတယ်။

ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ ဩဇာကြီးမားလာမှုကို ရင်ဆိုင်နေရစဉ် နှစ်နိုင်ငံစလုံးက အပြန်အလှန် ကာကွယ်ပေးရေးစာချုပ်ကို လက်မှတ်ထိုးခဲ့တာပါ။

တစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ ပိုင်နက်နယ်မြေ တည်တံ့မှုကို လေးစားသမှု ထားဖို့ သဘောတူညီချက်မှာ ဖော်ပြတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပထမအဆင့်အနေနဲ့ ဩစတြေးလျမှာ အမြဲနေထိုင်တဲ့ ပါပူအာနယူးဂီနီ နိုင်ငံသားတွေဟာ ဩ စတြေးလျစစ်တပ်မှာ တာဝန်ထမ်းဆောင်ခွင့်ရှိမယ်လို့ သိရပါတယ်။

ကိုးကား – Anadolu
Ref; Australia, Papua New Guinea sign defense pact to counter ‘common danger’