
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်
ဓားစာခံတွေ လွတ်မြောက်ရေး အစ္စရေးက ဂါဇာဒေသကို ဗုံးကြဲနေတာ ရပ်တန့်ဖို့ လိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောပါတယ်။
“တိုက်ခိုက်မှုတွေဖြစ်နေရင် ဓားစာခံတွေ မလွတ်မြောက်နိုင်ဘူးဆိုတာ အစ္စရေးနဲ့ လူတိုင်း ဝန်ခံ မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် တိုက်ခိုက်နေတာတွေ ရပ်တန့်ရပါမယ်” လို့ ၎င်းက ပြောပါ တယ်။
“တိုက်ပွဲတွေ ဆက်ဖြစ်နေရင် ဓားစာခံတွေလွတ်မြောက်ရေး ဖြစ်မလာနိုင်ပါဘူး” လို့ သူက ဆက် ပြောပါတယ်။
အစ္စရေးရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု ရပ်တန့်ဖို့ရည်ရွယ်တဲ့ အရေးပါသော ဆွေးနွေးမှုတွေပြုလုပ်ဖို့ စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ အီဂျစ်နိုင်ငံမှာ တွေ့ဆုံတော့မယ့်အချိန်မှာ အစ္စရေးနဲ့ အကျဉ်းသားဖလှယ်မှု မြန်ဆန်စွာ စတင်ဖို့ ဟားမာစ်အဖွဲ့က တောင်းဆိုခဲ့ပါတယ်။
အားလုံးပါဝင်သော၊ တာရှည်ခံသော အပစ်အခတ်ရပ်စဲရေး အောင်မြင်စေဖို့ ဆွေးနွေးမှုတွေဟာ စစ်မှန်သော အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ အီဂျစ် အပါအဝင် နိုင်ငံများစွာက ပြောပါတယ်။
“စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက်ရရှိဖို့နဲ့ မြေပြင် အခြေအနေတွေနဲ့အညီ အကျဉ်းသား ဖလှယ်မှု ချက်ချင်း စတင်ဖို့ ဟားမာစ်အဖွဲ့က အလွန် စိတ်အားထက်သန်နေပါတယ်” လို့ အမည်မဖော်လို တဲ့ ဟားမာစ်အဖွဲ့ အကြီးတန်း တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
တနင်္လာနေ့မှာစတင်မယ့် ဟားမာစ်အဖွဲ့နဲ့ တိုက်ရိုက်မဟုတ်သော ဆွေးနွေးမှုတွေပြုလုပ်ဖို့ စေ့စပ် ညှိနှိုင်းသူတွေပါဝင်တဲ့အဖွဲ့ဟာ တနင်္ဂနွေနေ့က အီဂျစ်သို့ ထွက်ခွာခဲ့ကြောင်း အစ္စရေးနိုင်ငံက ပြောပါ တယ်။
“အစ္စရေး စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဟာ ဒီည ထွက်ခွာမှာဖြစ်ပြီး တနင်္လာနေ့မှာ ဆွေးနွေးမှုတွေ စ တင်ပါမယ်” လို့ အစ္စရေးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဘတ်ဒရိုရှန်က သတင်းထောက်တွေကို ပြောပါ တယ်။
ကိုးကား – TRT World
Ref; Israel needs to stop bombing Gaza amid truce talks: Rubio