
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်
လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ တိုးမြှင့်လာမှုကြောင့်ဆိုပြီး အမေရိကန်နဲ့ တောင်ကိုရီးယား ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ရှုတ်ချခဲ့ပြီး စစ်လက်နက်ထုတ်လုပ်မှု အရှိန်မြှင့်မယ်လို့ ပြောပါတယ်။
ကင်ဂျုံအန်ဟာ စနေနေ့က ပြုံယမ်းမြို့မှာကျင်းပတဲ့ စစ်လက်နက်ပြပွဲတစ်ခုမှာ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြောင်း အာဏာရပါတီရဲ့ တနင်္ဂနွေနေ့ထုတ် သတင်းစာက ဖော်ပြခဲ့ပါတယ်။
စစ်လက်နက်ပြပွဲမှာ ခင်းကျင်းပြသထားတဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေကို သ တင်းစာက ဖော်ပြပါတယ်။
အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ အနာဂတ်မှာ နျူကလီးယားလက် နက်တွေ အသုံးပြုဖို့ဖြစ်တယ်လို့ အဆိုပါသတင်းစာက ဆိုပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားဟာ မြောက်ကိုရီးယားနဲ့ ဒေသတွင်းတိုင်းပြည်တွေအတွက် တစ် ကယ့်ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်လို့ ကင်ဂျုံအန်က စွပ်စွဲလိုက်ပါတယ်။
တောင်ကိုရီးယားမှာ အမေရိကန်စစ်တပ် အင်အားချထားမှုကို တန်ပြန်ဖို့ အထူးစစ်လက်နက်တွေ တပ်ချထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ခြိမ်းခြောက်မှုသစ်ကို ဖယ်ရှားဖို့နဲ့ အင်အားချိန်ခွင်လျှာညှိဖို့ စစ်လက်နက်ထုတ်လုပ်မှု အရှိန်မြှင့်ဖို့ မရှိမဖြစ်လိုအပ်တယ်လို့ သူက ဆိုပါတယ်။
အောက်တိုဘာလ ၁၀ ရက်မှာ အာဏာရ အလုပ်သမားပါတီ ထူထောင်မှု နှစ် ၈၀ ပြည့် နှစ်ပတ် လည်နေ့ အခမ်းအနား အထိမ်းအမှတ် စစ်ရေးပြပွဲတစ်ရပ်ကျင်းပဖို့ မြောက်ကိုရီးယားက ပြင်ဆင်နေတယ် လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ စစ်ရေးပြပွဲ အခမ်းအနားမှာ နောက်ဆုံးပေါ် လက်နက်တွေ ထုတ်ဖော် ပြသနိုင်တယ်လို့ လေ့လာသူအချို့က ပြောပါတယ်။
ကိုးကား – NHK
Ref; Kim Jong Un raps US, S.Korea as security threat, promotes weapons development