
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်
ဆာနေးတာကိုင်ချီကို ဂျပန် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ရဲ့ ခေါင်းဆောင်အ ဖြစ် ရွေးချယ်ခဲ့ရာ ဝန်ကြီးချုပ်သစ်နဲ့ ဂျပန်နိုင်ငံကိုဉီးဆောင်မယ့် ပထမဆုံး အမျိုးသမီး ဖြစ်လာဖွယ်ရှိပါ တယ်။
ပထမအဆင့် မဲရွေးချယ်မှုမှာ ကိုယ်စားလှယ်လောင်းငါးဉီး မည်သူမျှ အနိုင်မရခဲ့ပြီးနောက် စနေ နေ့ကပြုလုပ်တဲ့ ပါတီခေါင်းဆောင် ရွေးချယ်ပွဲမှာ တာကိုင်ချီက ဝန်ကြီးချုပ်ဟောင်း ဂျူနီချီယိုကိုအော ဇုမိရဲ့ သားဖြစ်သူ ရှင်ဂျီရိုကိုအောဇုမိကို အနိုင်ရခဲ့တာပါ။
ဂျပန်လွှတ်တော်တွင်း ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့ မဲပေးမှုကို အောက်တိုဘာလ ၁၅ ရက်မှာ ပြု လုပ်မယ်လို့ သိရပါတယ်။
တာကိုင်ချီဟာ လက်ရှိဝန်ကြီးချုပ် အိုင်ရှီဘာရဲ့နေရာ အစားထိုးမယ်လို့ မျှော်မှန်းရပြီး အာဏာရ LDP ပါတီဟာ လွှတ်တော်မှာ အင်အားအကြီးဆုံးပါတီအဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရပါက တာကိုင်ချီဟာ သက်ကြီးပြည်သူတိုးလာမှု၊ ပထဝီနိုင်ငံ ရေး၊ စီးပွားရေးနဲ့ လူဝင်မှုကြီးကြပ်မှု အပါအဝင် ရှုပ်ထွေးတဲ့ပြဿနာတွေ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
မတူညီသော ယဉ်ကျေးမှုနဲ့ နောက်ခံသမိုင်းကြောင်းရှိတဲ့ လူတွေကိုခွင့်ပြုတဲ့ မူဝါဒတွေကို ဂျ ပန်နိုင်ငံက ပြန်စဉ်းစားသင့်တယ်လို့ တာကိုင်ချီက ပြောပါတယ်။
LDP ပါတီမှ မည်သူဘဲဖြစ်ဖြစ် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရသည်ဖြစ်စေ သံတမန်ရေးရာ စမ်းသပ်မှုကို မကြာမီ ရင်ဆိုင်မှာဖြစ်ပါတယ်။
ကိုးကား – Al Jazeera
Ref; Japan’s LDP elects Takaichi as new leader, likely to be first female PM