
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်
ဂါဇာဒေသမှ ကနဉီးအဆင့်အဖြစ် တပ်ဖွဲ့တွေဆုတ်ခွာဖို့ အစ္စရေးနိုင်ငံက သဘောတူလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့မှာ ကြေညာခဲ့ပါတယ်။
“ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် ဂါဇာဒေသမှ ကနဉီးအဆင့် တပ်ဖွဲ့တွေဆုတ်ခွာဖို့ အစ္စရေးက သဘောတူလိုက်ပါပြီ” လို့ ၎င်းက လူမှုကွန်ရက် Truth မှာ ရေးသားခဲ့ပါတယ်။
ဟားမာစ်အဖွဲ့က သဘောတူပါက အပစ်အခတ်ရပ်စဲရေးဟာ ချက်ချင်း အာဏာတည်လာမှာဖြစ် ပြီး ဓားစာခံနဲ့ အကျဉ်းသားတွေလဲလှယ်မှု မကြာမီ စတင်မယ်လို့ သူက ဆက်ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေးကို တနင်္ဂနွေနေ့မရောက်မီ သဘောမတူပါက အကျိုးဆက်တွေရှိလာမယ် လို့ ဒေါ်နယ်ထရမ့်က အစောပိုင်းမှာ သတိပေးခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ရည်မှန်းချက်က ရက်အနည်းငယ်အတွင်း ဆွေးနွေးမှုတွေကို ကန့်သတ်ဖို့ပါ။ ဒေါ် နယ်ထရမ့်က ဒါကို ရှင်းလင်းစွာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ အချိန်ဆွဲတဲ့ဗျူဟာတွေကို ကျွန်တော်တို့ သည်းညည်းခံမှာမဟုတ်ဖူး” လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။
ဟားမာစ်အဖွဲ့က ဓားစာခံတွေကို လွှတ်ပေးရမှာဖြစ်ပြီး အစ္စရေးစစ်တပ်က ဂါဇာရှိ ဧရိယာအများ စုကို ထိန်းချုပ်ထားမှာဖြစ်ကြောင်း နေတန်ယာဟုက ဆိုပါတယ်။
ထို့နောက် ဟားမာစ်အဖွဲ့ကို လက်နက်ဖျက်သိမ်းကာ ဂါဇာက စစ်မဲ့ဇုန်ဖြစ်လာမှာဖြစ်ပြီး ထိုအစီ အစဉ်ကို သံတမန်ရေးနည်းလမ်း သို့မဟုတ် ထရမ့်ရဲ့အစီအစဉ် သို့မဟုတ် စစ်ရေးနည်းလမ်းနဲ့ လုပ်ဆောင် မယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဂါဇာဒေသမှာ ဗုံးကြဲတာ ချက်ချင်း ရပ်တန့်ဖို့ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ အစ္စရေးနိုင်ငံကို တောင်းဆိုခဲ့ပါတယ်။
ကိုးကား – Independent
Ref; Trump announces Israel has agreed to ‘initial withdrawal line’ in Gaza – but Hamas has not confirmed