
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်
ရုရှားက ယူကရိန်းနိုင်ငံအတွင်းပိုင်းထိ ဒုံးကျည်တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ဖို့ တရုတ်က ရုရှားသို့ ထောက်လှမ်းရေးသတင်းတွေ ပေးနေတယ်လို့ အကြီးတန်း ယူကရိန်း အရာရှိတစ်ဉီးက ပြောပါတယ်။
တရုတ်နိုင်ငံဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုမှ အကျိုးဖြစ်ထွန်းနေသူတွေ အပါအဝင် ပစ်မှတ်ဆိုင်ရာ ဂြိုဟ်တု ထောက်လှမ်းရေးသတင်းတွေ ပေးနေတယ်လို့ ယူကရိန်း ပြည်ပထောက်လှမ်းရေးအေဂျင်စီမှ အို လက်အလက်ဇန်ဒရော့ဗ်က ပြောပါတယ်။
“မဟာဗျူဟာမြောက် ပစ်မှတ်တွေကို ဖော်ထုတ်ပြီး တိုက်ခိုက်နိုင်ရေး ယူကရိန်းပိုင်နက်ထဲမှာ ဂြိုဟ်တုထောက်လှမ်းမှု ပြုလုပ်ဖို့ ရုရှားနဲ့တရုတ်ကြား အဆင့်မြင့် ပူးပေါင်းဆောင်ရွက်တဲ့ အထောက်အ ထားရှိပါတယ်” လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့လပိုင်းအတွင်း ရုရှား ဒုံးကျည်တိုက်ခိုက်မှုဟာ ယူကရိန်းအနောက်ပိုင်း ဇာကာပတ်ရှားဒေ သရှိ အမေရိကန်နိုင်ငံပိုင် စက်ရုံတစ်ရုံကို ထိမှန်ခဲ့ရာ လူ ၁၅ ဉီး ဒဏ်ရာရရှိကြောင်း သမ္မတ ဇီလန်စကီးနဲ့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်နိုင်ငံဟာ ရုရှားသို့ စစ်လက်နက်တွေနဲ့ ယမ်းမှုန့်တွေ ထောက်ပံ့နေတယ်လို့ ဇီလန်စကီးက ဧပြီလအတွင်း ပြောကြားခဲ့ပါတယ်။
တရုတ်က ရုရှားနိုင်ငံအတွက် လက်နက်တွေ ထုတ်လုပ်တဲ့ ထောက်လှမ်းရေးသတင်းတွေ ယူက ရိန်းအစိုးရက ရရှိထားတယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Reuters
Ref; China provides intelligence to Russia on Ukraine targets, Ukrainian intelligence says