
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်
ဧရာ၀တိီတိုင်း၊ ကျောင်းကုန်းမြို့မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များကို အောက်တိုဘာ ၁ ရက်နေ့က ထွေအုပ်ရုံးသို့ ခေါ်ယူကာ လာမည့်ရွေးကောက်ပွဲတွင်မဲထည့်ရန် သတိပေးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်အတွင်း ရှိ ရပ်ကွက်၊ ကျေးရွာများတွင် အခြားဒေသများမှ စစ်ဘေးရှောင်ရင်း လာရောက်နေထိုင်ကြသူများကို ယခုကဲ့သို့ ခေါ်ယူသတိပေးခဲ့ခြင်းဖြစ်သည်။
“ရပ်ကွက်ရာအိမ်မှူးက အစည်းအဝေးတက်ရမယ်ဆိုလို့ သွားရတာ။ လာမယ့်ရွေးကောက်ပွဲကြ မဲမထည့်လို့မရဘူးပြောတယ် ။ သူတို့စက်နဲ့ပေးရမှာဆိုပြီး အစမ်းနှိပ်ခိုင်းတယ်”ဟု ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်လာသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ ငါးသိုင်းချောင်း၊ ရေကြည်၊ လေးမျက်နှာ မြို့နယ်များတွင်အာရက္ခတပ်တော်AAပူးပေါင်းတပ်များနှင့် စစ်ကော်မရှင်တပ်တို့ကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးနေသဖြင့် ဒေသခံများသည် ကျောင်းကုန်း၊ပုသိမ်၊ ဟသ်ာတမြို့နယ်များသို့စစ်ရှောင်သူများကြောင်း သိရသည်။