
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်
ကမ္ဘောဒီးယားမှ အတိုက်အခံ နိုင်ငံရေးသမားတစ်ဉီးကို ပစ်သတ်ခဲ့တဲ့ ထိုင်းအမျိုးသားတစ်ဉီးကို ဗန်ကောက်မြို့ရှိ တရားရုံးတစ်ရုံးက သောကြာနေ့မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။
ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီမှ လွှတ်တော်အမတ် ဟောင်း လင်ကင်မြဟာ ဇန်နဝါရီလ ၇ ရက်က ကမ္ဘာလှည့်ခရီးသွားတွေ စည်ကားရာ ဗန်ကောက်မြို့ရှိ ခို ဆန်လမ်းမကြီးအနီးမှာ နေ့ခင်းကြောင်တောင် ပစ်သတ်ခံခဲ့ရပါတယ်။
အခင်းဖြစ်ရာနေရာမှ ထွက်ပြေးကာ ကမ္ဘောဒီးယားနိုင်ငံထဲ ဝင်ရောက်ခဲ့တဲ့ သေနတ်သမားဟာ ထိုင်းနိုင်ငံသား Ekkalak Pheanoi ဆိုသူ ဖြစ်ပါတယ်။
သူ့ကို ဖမ်းဆီးကာ ကမ္ဘောဒီးယားနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခဲ့ရာ နောက်ပိုင်းမှာ သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ကမ္ဘောဒီးယား လွှတ်တော်အမတ်ဟောင်းကို လုပ်ကြံသတ်ဖြတ်ဖို့ သူ့ကို ငှားရမ်းခဲ့ကြောင်း၊ သတ်ဖြတ်မှုအတွက် တရားရေးစစ်ဆေးမှု လုပ်ဆောင်ခဲ့တာမရှိကြောင်း Ekkalak Pheanoi က အာဏာ ပိုင်တွေကို ပြောပါတယ်။
ဗန်ကောက် ရာဇဝတ်ခုံရုံးက Ekkalak Pheanoi ကို တရားဝင် သေဒဏ်ချမှတ်ခဲ့ပေမယ့် Ekkalak Pheanoi က ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံကာ အာဏာပိုင်တွေနဲ့ ပူးပေါင်းခဲ့လို့ ထောင်ဒဏ် တစ်သက် တစ်ကျွန်းအထိ လျှော့ပေါ့ခဲ့ပါတယ်။
Ekkalak Pheanoi ကို လူသတ်မှု၊ လက်နက်ပိုင်ဆိုင်မှုနဲ့ စွဲချက်တင်ခဲ့ပြီး သေဆုံးသူရဲ့ မိသားစုကို လျော်ကြေး ဘတ် ၁ ဒသမ ၇ သန်း ပေးဖို့လည်း တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။
ကိုးကား – The Asahi Shimbun
Ref; A Thai court sentences gunman who killed a Cambodian politician to life in prison