ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃ ရက်

လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိနေသည့် နွေဦးတော်လှန်ရေး ကဏ္ဍအသီးသီး ပါဝင်နေကြသည့် တော်လှန်ရေး ရဲဘော်ရဲဘက်များ စုပေါင်းပြီး Spring Revolution Cup ဘောလုံးပြိုင်ပွဲကို (၅) ရက်ကြာ ကျင်းပခဲ့ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

တော်လှန်ရေး ရံပုံငွေအဖြစ် ယှဥ်ပြိုင်ခဲ့ကြသည့် Spring Revolution Cup ဘောလုံးပြိုင်ပွဲတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သည့် အရပ်သားများ ၊ စစ်ဘက် အရပ်ဘက်အသီးသီးက CDM ဝန်ထမ်းများအပြင် တော်လှန်ရေး အင်အားစုအသီးသီးက အမျိုးသားအသင်း (၈) သင်းနှင့် အမျိုးသမီးအသင်း (၂) သင်းတို့ ပါဝင်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ – ပွဲကျင်းပရေးကော်မတီ