
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊ စက်တင်ဘာလ ၃ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံ – ကျိုက်လတ် – မအူပင် ကားလမ်းပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးဂိတ်များ ထပ်မံတိုးချဲ့ဖွင့်လှစ်ကာ ခရီးသွားပြည်သူများထံမှ ငွေကြေး ကောက်ခံမှုများလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
ဖျာပုံ – ကျိုက်လတ် – မအူပင်ကားလမ်းပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးဂိတ်များ ထပ်မံတိုးချဲ့ဖွင့်လှစ်ထားသည့်အပြင် ဒရုန်းများဖြင့်ပါ ကင်းထောက်မှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ကားတွေကို စစ်ဆေးတာ ခရီးသွားပြည်သူတွေကို စစ်ဆေးမှု့တွေပြုလုပ်နေသည့်အပြင် ယာဥ်မောင်းတွေဆီ ဂိတ်ကြေးပုံစံ ငွေကြေးတောင်းယူမှုတွေ ပြုလုပ်နေတာ ညဘက်ဆိုလည်းကားလမ်းမကြီး တလျှောက် စစ်ကောင်စီတပ်ဘက်က ဒရုန်းတွေ ကောင်းကင်ပေါ်တင်ပြီးကင်းထောက်တာတွေပါပြုလုပ်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းကိုပြောသည်
မအူပင်မြို့နယ်အတွင်း PDF တွေ မြို့ထဲရောက်နေသည်ဟု သတင်းရ၍ ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ၊ ဧည့်စာရင်းစစ်ခြင်းများ၊ လူနေရပ်ကွက်များအတွင်း သေနတ်ပစ်ဖောက်ခြောက်လှန့်ခြင်းများလုပ်ဆောင်နေကြောင်း သိရသည်။
ယင်းကဲ့သိုလုပ်ဆောင်နေခြင်းမှာ မအူပင်မြို့တွင် စစ်ကောင်စီအနေဖြင့် မြို့အတွင်း တပ်လှန့်နေသကဲ့သို့လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မြို့ခံစစ်မှုထမ်းဟောင်းတစ်ဦးက သုံးသပ်ထားသည်။