ဓာတ်ပုံ - CNO

ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃ ရက်
ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ဦးဆောင်မှုဖြင့် ချင်းပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ သင်တန်းကွင်းတွင် ဩဂုတ်လ (၂၂) ရက်မှ စက်တင်ဘာလ (၃)ရက်နေ့အထိ သင်တန်းပေးပို့ခဲ့ကြောင်း CNO က သ်းထုတ်ပြန်ထားသည်။
အဆိုပါသင်တန်းတွင် သင်တန်းဌာနမှ စစ်ရေး၊ ဥပဒေ နှင့် အမှုစစ်နည်းများကို သင်တန်းသား (၇၁)ဦးထံ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းသင်ယူပြီးမြောက်သည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် ဖလမ်းမြို့နယ်အတွင်းရှိ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) စိုးမိုးနယ်မြေတွင် ရပ်ရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ဥပဒေအတိုင်း လုပ်ငန်းများကို တာဝန်ခွဲဝေ ထမ်းဆောင်သွားမည် ဖြစ်ကြောင်း CNO က ရေးသားထုတ်ပြန်ထားသည်။