ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊စက်တင်ဘာ ၃ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ပခတ်ရွာအနီးတွင် ဒီကနေ့ စက်တင်ဘာလ ၃ ရက်နံနက်ပိုင်းမှာ စစ်ကောင်စီတပ်ယာဥ်တန်း ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ စစ်ကောင်စီတပ်မှ ခြေလျင်စစ်ကြောင်းနှင့်ကားတန်းကို Dawei Defence Team-DDT (ထားဝယ်ပကဖ)၊Kaw Thoo Lei Army ရဲဘော်များပူးပေါင်းစစ်ကြောင်းအဖွဲ့မှ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင် တစ်ဦးကပြောပါတယ်။
“ဒီ ပစ်ခတ်တိုက်ခိုက်မှုဟာ တစ်နာရီနီးပါးခန့်အထိကြာမြင့်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖက်မှ ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ် ကျွန်တော်တို့လတ်တလေားသိထားရတယ် ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့် အသုံးပြု တိုက်ခိုက်လာခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များဖက်မှ အထိအခိုက် အကျအဆုံးမရှိ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့တယ်လို့ PDF တပ်ဖွဲ့ ဝင်များထံမှ သိရပါတယ်။