ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်

စစ်ခေါင်းဆောင် ဦးစီးကျင်းပမည့်ရွေးကောက်ပွဲတွင် စစ်အရာရှိကြီးများအပြင် စစ်ကော်မရှင်၏ ဝန်ကြီးချုပ် ဦးညိုစောကိုယ် တိုင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း သိရသည်။

စစ်ကော်မရှင်၏ အငြိမ်းစားဗိုလ်ချုပ်ကြီး ဝန်ကြီးချုပ်သည် ရန်ကုန်တိုင်းအတွင်း ကိုကိုးကျွန်းမြို့နယ်မှနေ၍ ရွေးကောက်ပွဲဝင်
ရောက်ယှဉ်ပြိုင်မည်သည်။

ဦးညိုစောသည် ကိုကိုးကျွန်းမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီမှ ဝင်ပြိုင်မည်ဖြစ်ကြောင်း ပါတီသတင်းရင်းမြစ်ထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဒုဝန်ကြီးချုပ် နှစ်ဦးအပါအဝင် စစ်ဖက်ဆိုင်ရာ အကြီးပိုင်းအရာရှိကြီးများ တပ်မှအနားယူ၍ ကြံ့ခိုင်ရေးပါတီမှ အမတ်လောင်းအဖြစ် ရွေးချယ်ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စာရင်းများထွက်ပေါ်လာသည်။

ကနဦးထွက်ပေါ်လာသည့် စာရင်းတွင် စစ်အရာရှိ ၅၀၀ ခန့် ပါဝင်နေပြီး အဆိုပါစာရင်းကို စစ်ထောက်ချုပ်ခန့်ရုံးတွင် ရောက်ရှိပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနှင့် ညှိနှိုင်းဆွေးမှုများရှိကြောင်း သိရသည်။

ယခုထွက်ပေါ်လာသည့် အငြိမ်းစားဗိုလ်ချုပ်ကြီး ညိုစော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ပြိုင်မည့်အကြောင်းကို စစ်ကော်မရှင်ဘက်မှ တရားဝင်ကြေညာခြင်းမရှိသေးသော်လည်း စစ်တပ်သတင်းရင်းမြစ်များနှင့် ဆက်ဆံရေးကောင်းသည့် ဘီဘီစီ သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။