
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား အစီအစဉ်ကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဖူးလို့ အ ကြီးတန်း မြောက်ကိုရီးယား သံတမန်တစ်ဉီးက ပြောကြားလိုက်ပါတယ်။
တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားချိန်မှာ မြောက်ကိုရီးယား ဒု တိယ နိုင်ငံခြားရေးဝန်ကြီး ကင်ဆွန်ဂျောင်က မြောက်ကိုရီးယားနိုင်ငံရဲ့ ရပ်တည်ချက်ကို ပြောကြားခဲ့တာ ပါ။
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန်ဖို့ ပုံစံတူလေ့ကျင့်တာလို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယားကို နျူကလီးယားနဲ့ တိုက်ခိုက်နိုင်တဲ့ နည်းလမ်းတွေ အစမ်းလေ့ကျင့်တဲ့ အဆိုပါ သုံးနိုင်ငံကို ၎င်းက ဝေဖန်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုတွေက ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့် တက်စေတယ်လို့ ပြောပါတယ်။
“အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ကျူးကျော်တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုကို တန်ပြန်နိုင်မှုကြောင့် ကိုရီးယားကျွန်းဆွယ်မှာ အင်အားချိန်ခွင်လျှာ ညီမျှသွားပါတယ်” လို့ ကင်ဆွန်ဂျောင်က ဆက်ပြောပါ တယ်။
နျူကလီးယားလက်နက်ဖျက်သိမ်းဖို့ မြောက်ကိုရီးယားကို ဖိအားပေးခြင်းက အချုပ်အခြာအာ ဏာနဲ့ တည်ရှိခွင့်ကို အညံ့ခံဖို့ တောင်းဆိုတဲ့သဘောသက်ရောက်တယ်လို့ ၎င်းက ဆိုပါတယ်။
ဒီလအစောပိုင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ပြုံယမ်းမြို့မှာကျင်းပတဲ့ ပြည် သူ့ညီလာခံ အစည်းအဝေးမှာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံက မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ဖျက်သိမ်းဖို့ တိုက်တွန်းတာ စွန့် လွှတ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ ဆုံးဖြတ်ပါက အမေရိကန်နိုင်ငံနဲ့ ဆွေးနွေးမယ်လို့ ၎င်းက ပြောပါတယ်။
ကိုးကား – NHK
Ref; North Korean diplomat stresses Pyongyang will never give up its nuclear program