
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးအသုံးစရိတ်တွင် အထက်လွှတ်တော်မှ ရန်ပုံငွေဥပဒေကိုသတ်မှတ်ချိန်အတွင်း အတည်မပြုသဖြင့် ယနေ့ အောက်တိုဘာ ၁ ရက်နေ့မှစတင်ကာ အိမ်ဖြူတော်အစိုးရယန္တရားရပ်တန့်သွားပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင်ဖော်ပြထားသည်။
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအကြွေးလျော့ပေါ့မှုနှင့်ပတ်သက်ပြီး သမ္မတထရန့်ဦးဆောင်သည့် ရီပတ်ဘလစ်ကန်အစိုးရအဖွဲ့ ရနှင့် ဒီမိုကရက်တစ်တို့ကြား အငြင်းပွါးခြင်းကြောင့်ဖြစ်သည်။
လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်အစိုးရလုပ်ငန်းတစ်စိတ်တစ်ပိုင်းရပ်တန့်သွားပြီး မရှိမဖြစ်လုပ်ငန်းများဖြစ်သည့် ကျန်းမာရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်တပ်နှင့် လေကြောင်းထိန်းသိမ်းရေးကဏ္ဍများတွင် လစာမရဘဲ အလုပ်လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း အမေရိကန်အခြေစိုက်သတင်းဌာနများတွင် ဖော်ပြထားသည်။
ထို့ပြင်မရှိမဖြစ်မဟုတ်သောရိုးရိုးဝန်ထမ်းများကို အလုပ်နားခိုင်းခြင်း၊ အမြဲတမ်းအလုပ်ထုတ်ပစ်နိုင်ခြေရှိခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၁၈ – ၂၀၁၉ ခုနစ် အမေရိကန်သမ္မဒေါ်နယ်လ်ထရန့်၏ ပထမအကြိမ်အစိုးရသက်တမ်းတွင် မက္ကဆီကိုနယ်စပ်တွင် နံရံတည်ဆောက်ရန်ဘတ်ဂျက်တောင်းဆိုမှုကြောင့် အငြင်းပွားမှုဖြစ်ပြီး အစိုးရယန္တရားရန့်တန့်မှု ၃၅ ရက်ကြာမြင့်ခဲ့သည်။
ဓာတ်ပုံ – WSJ