ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်

ဖိလစ်ပိုင်နိုင်ငံရှိ ကျွန်းပြည်နယ်တစ်ခုဖြစ်တဲ့ စီဘူးမှာ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ ရာ လူ ၂၆ ဉီးထက်မနည်း သေဆုံးခဲ့ပြီး ၁၄၇ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာတည်ရှိတဲ့ စီဘူးကမ်းလွန်မှာ အင်္ဂါနေ့ည ၁၀ နာရီဝန်းကျင်မှ မြေင လျင် လှုပ်ခတ်ခဲ့တာပါ။

အဆိုပါမြေငလျင်ဟာ မြေအနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ပြင်းအား ၆ ဒသမ ၉ ရှိတယ်လို့ အမေရိကန် မြေငလျင်တိုင်းတာရေးဌာနက ပြောပါတယ်။

မြေငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီခြိမ်းခြောက်မှု မရှိဘူးလို့ အမေရိကန် သမုဒ္ဒရာနှင့် လေထု လွှာစီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

အဆောက်အအုံများမှ ပြည်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းနေပုံကို စီဘူးမြို့မှာ ရိုက်ကူးထား တဲ့ ရိုက်သံဖိုင်တွေက ဖော်ပြပါတယ်။

ဓာတ်ပုံတွေထဲမှာ ပြိုကျနေတဲ့ ခရစ်ယာန်ဘုရားကျောင်း အဆောက်အအုံတစ်လုံးကိုလည်း မြင် တွေ့နိုင်ပါတယ်။

စီဘူးမြို့ဟာ ဂျပန်အပါအဝင် နိုင်ငံများစွာမှ ခရီးသွားတွေကို ဆွဲဆောင်တဲ့ နာမည်ကျော် ခရီးသွား ဆွဲဆောင်ရာနေရာတစ်ခု ဖြစ်ပါတယ်။

နောက်ဆက်တွဲ မြေငလျင်ငယ်တွေ လှုပ်ခတ်နိုင်တာကြောင့် သတိထားကြဖို့ စီဘူးမြို့ရှိ ဂျပန် ကောင်စစ်ဝန်ရုံးက ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

ကိုးကား – NHK
Ref; At least 26 dead after massive quake hits Philippine island of Cebu