ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်

ရုရှားနိုင်ငံရဲ့ ဝေဟင်ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ ဥရောပတိုက်နဲ့ ပူးတွဲ လေကြောင်းရန် ကာ ကွယ်ရေးစနစ်တစ်ခု တည်ဆောက်ဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက တောင်းဆိုလိုက်ပါတယ်။

တနင်္လာနေ့က ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာကျင်းပတဲ့ လုံခြုံရေးဖိုရမ်တစ်ခုမှာ ဇီလန်စကီးက အွန် လိုင်းမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ပိုလန်နဲ့ ဥရောပတိုင်းပြည်အချို့ရဲ့ လေပိုင်နက်တွေအတွင်း ရုရှားနိုင်ငံရဲ့ မကြာသေးမီက ကျူး ကျော်မှုတွေကို ၎င်းက ရည်ညွှန်းပြောခဲ့ပြီး ရုရှားရဲ့ လေကြောင်းခြိမ်းခြောက်မှုတွေကို ကာကွယ်နိုင်မယ့် ပူးတွဲ ဝေဟင်ခွင်းဒုံးစနစ်တစ်ခု တည်ဆောက်ဖို့ အဆိုပြုခဲ့ပါတယ်။

“ယူကရိန်းနိုင်ငံဟာ ရုရှားရဲ့ ဒရုန်းနဲ့ဒုံးကျည်စနစ်အားလုံးကို တန်ပြန်နိုင်ပါတယ်။ ကျွန်တော်တို့ ဒေသတွင်းမှာ အတူတကွ လုပ်ဆောင်မယ်ဆိုရင် လေကြောင်းရန် ကာကွယ်ရေးစနစ်အတွက် လုံ လောက်တဲ့ လက်နက်တွေနဲ့ ထုတ်လုပ်မှုစွမ်းရည် ရှိလာမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဥရောပတိုက်မြောက်ပိုင်းမှာ ထိခိုက်ပျက်စီးမှု ကြီးမားစေတဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင် ဖို့ ရုရှားနိုင်ငံဟာ ဘောလ်တစ်ပင်လယ်မှာ တင့်ကားတွေ အသုံးပြုခဲ့ဖွယ်ရှိကြောင်း ဇီလန်စကီးက ထောက်ပြပါတယ်။

အဆိုပါယူဆချက်သာ မှန်ကန်ပါက တင့်ကားတွေ အသုံးပြုတဲ့လမ်းကြောင်းကို ကန့်သတ်သင့် တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – NHK
Ref; Zelenskyy calls for building air defense shield with Europe