ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်

 

စစ်ကော်မရှင်သည် စစ်သားများအပါအဝင် Non CDM ဝန်ထမ်းများနှင့် အငြိမ်းစားများကို တတိယအကြိမ်အဖြစ် လစဉ်ထောက်ပံ့ငွေကျပ် သုံးသောင်းထပ်မံပေးမည်ဖြစ်ကြောင်း ယနေ့ညပိုင်းတွင် စစ်ကော်မရှင်လက်အောက်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

အောက်တိုဘာလမှစတင်ကာ လစာ၊ လုပ်ခ၊ ပင်စင်လစာနှင့်အတူ အပိုထောက်ပံ့ကြေးကို ထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

စစ်ကော်မရှင်အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားဝန်ထမ်းများအပါအဝင် နေ့စား အလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် ၈ နာရီအတွက် လက်ရှိလုပ်ခနှုန်းထား ကျပ် ၄၈၀၀ ဖြစ်၍ တတိယအကြိမ်ထောက်ပံ့မှုအဖြစ် ကျပ် တစ်ထောင်ကျပ်ရရှိမည်ဖြစ်သည်။

 

ထို့ကြောင့်နေ့စားဝန်ထမ်းများနှင့် အလုပ်သမားများက နေ့စာလုပ်ခ ကျပ် ၄၈၀၀ နှင့် ထောင်ပံ့ငွေသုံးကြိမ်စာ သုံးထောင်ကျပ်နှုန်းဖြင့် စုစုပေါင်း ၇,၈၀၀ ကျပ်ရရှိမည်ဖြစ်သည်။

 

အဆိုပါထောက်ပံ့ကြေးပေးရာတွင် နိုင်ငံခြားပညာသင်ကြားခွင့်ဖြင့်သွားနေသူများ၊ လုပ်ငန်းစာချုပ်ဖြင့် အခကြေးငွေရသူများ နှင့် အချိန်ပိုင်းဝန်ထမ်များ ပါဝင်မည်မဟုတ်ကြောင်း သိရသည်။

 

ဓာတ်ပုံ – MOI