ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်

 

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် ယနေ့ ညပိုင်းက အင်အားပြင်းရစ်ချက်စ်တာစကေး ၆ ဒသမ ၉ အဆင့်ငလျင်လှုပ်ခတ်သွားပြီး သက်တမ်းရင့်ကျောက်သားဘုရားပြိုကျသွားကြောင်း ဒေသအတွင်းမီဒီယာများက ဖော်ပြသည်။

 

အဆိုပါငလျင်သည် ဖိလစ်ပိုင်စံတော်ချိန် ၉ နာရီ ၅၉ မိနစ်တွင် Cebu ပြည်နယ်၊ Bogo မြို့၏ အရှေ့မြောက်ဘက် ၁၇ ကီလိုမီတာ (၁၀ မိုင်)ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်ကြောင်းသိရသည်။

လက်ရှိတွင်ငလျင်လှုပ်ခတ်မှုကြောင့် အိမ်တွင်းရှိလူများလမ်းပေါ်ထွက်ပြေးခြင်း၊ Cebu ပြည်နယ်ရှိ daanbantayan မြို့နယ်ရှိ နှစ်ပေါင်းများစွာသက်တမ်းရင့် Archdiocesan Shrine ကျောက်သားဘုရားကျောင်း ပြိုကျသွားကြောင်း နိုင်ငံတကမီဒီယာများတွင်ဖော်ပြထားသည်။

 

ထို့ပြင်ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူများ၊ ကြီးမားသည့် ထိခိုက်ပျက်စီးမှုများ အခြေအနေမသိရသေးဘဲ ငလျင်သေးများလှုပ်ခတ်နိုင်၍ သတိထားရမည်ဖြစ်ကြောင်းသိရသည်။