
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်
တရုတ်နိုင်ငံရှိ တရားရုံးတစ်ရုံးဟာ ပမာဏများပြားသော လာဘ်ငွေ လက်ခံမှုနဲ့ လယ်ယာစိုက်ပျိုး ရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဟောင်းကို သေဒဏ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါ တယ်။
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ကျိလင်မြို့ရှိ တရားရုံးက လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေး ရာဝန်ကြီးဟောင်း တန်ရန်ကျင်အား တနင်္ဂနွေနေ့က ပြစ်ဒဏ်ရွှေ့ဆိုင်းနိုင်တဲ့ သေမိန့် ချမှတ်ခဲ့တာပါ။
၂၀၀၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း တန်ရန်ကျင်ဟာ လုပ်ပိုင်ခွင့်အာဏာ အသုံးချပြီး သူအလိုရှိသူ တွေကို မျက်နှာသာရရှိစေဖို့ လာဘ်ငွေတွေ ရယူခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
တန်ရန်ကျင်ဟာ အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၃၇ သန်းကျော်နဲ့ညီမျှတဲ့ ယွမ် ၂၆၈ သန်းကျော်တန်ကြေးရှိ ငွေကြေးနဲ့ တန်ဖိုးကြီးပစ္စည်းတွေ လက်ခံခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါ တယ်။
စည်းမျဉ်းနဲ့ ဥပဒေချိုးဖောက်မှုသံသယနဲ့ တန်ရန်ကျင်အား စုံစမ်းစစ်ဆေးနေတယ်လို့ တရုတ် ကွန်မြူနစ်ပါတီ အဂတိလိုက်စားမှု စောင့်ကြည့်ရေးအဖွဲ့က မေလအတွင်း ကြေညာခဲ့ပါတယ်။
ထိုအချိန်က တန်ရန်ကျင်ဟာ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီး ဖြစ်ခဲ့ပြီး လေး လအကြာမှာ ရာထူးမှ ဖယ်ရှားခံခဲ့ရတာပါ။
တရုတ်အာဏာပိုင်တွေဟာ အကျင့်ပျက်ခြစားမှုနဲ့ အဆင့်မြင့် အစိုးရနဲ့ စစ်ဘက်အရာရှိတွေ ပါဝင် သော သံသယဖြစ်ဖွယ်ရာ ရာဇဝတ်မှုတွေကို ဖြိုခွင်းလျက်ရှိပါတယ်။
သမ္မတ ရှီကျင့်ဖျင်ရဲ့ ထိပ်တန်းခေါင်းဆောင်ပိုင်းဟာ ပါတီဝင်တွေကြား စည်းကမ်းတင်းကျပ်ဖို့နဲ့ အဂတိတိုက်ဖျက်ရေးရလဒ်တွေကို ပြည်သူတွေထံချပြဖို့ ကြိုးပမ်းနေတယ်လို့ လေ့လာသူတွေက ပြောပါ တယ်။
ကိုးကား – NHK
Ref; China’s ex-agriculture minister sentenced to death with reprieve for huge bribes