ဧရာဝတီတိုင်းမ်
ဇွန်လ ၂၉ ရက်

မက္ကဆီကိုနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းသွားလာသူများဟု ယူဆရသူ ၄၆ ဦး၏ အလောင်းများကို အမေ ရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ်ရှိ နောက်တွဲကားတစ်စီးအတွင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

မက္ကဆီကိုနယ်စပ်အနီး ဆန်အန်တိုနီယိုမြို့အနီးတွင် ဇွန်လ ၂၇ ရက်က အဆိုပါနောက်တွဲကားကို စွန့်ပစ် ခဲ့ခြင်းဖြစ်သည်။ နောက်တွဲကားအတွင်း အသက်ရှင်လျက်ရှိသော ကလေးငယ်နှစ်ဦး အပါအဝင် လူ ၁၆ ဦးကို တွေ့ရှိခဲ့ပြီး ၄င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

အပူလျှပ်မှုလက္ခဏာများ ခံစားနေရသည့် အဆိုပါ ရွှေ့ပြောင်းသွားလာသူ ၁၆ ဦးမှာ ယခုအခါ ဆေးဝါးကု သမှု ခံယူလျက်ရှိသည်။ ဒေသန္တရရဲတပ်ဖွဲ့က လူသုံးဦးကို ဖမ်းဆီးခဲ့ပြီး ယာဉ်မောင်းကို ရှာဖွေလျက်ရှိသည်။

ရွှေ့ပြောင်းသွားလာသူများ သေဆုံးရသောအကြောင်းရင်းကို အတည်မပြုနိုင်သေးသော်လည်း ဇွန်လ ၂၇ ရက်က အဆိုပါဒေသ၏အပူချိန်မှာ ၄၀ ဒီဂရီဆဲလ်စီးယပ်ရှိကြောင်း သိရသည်။

မကြာသေးမီနှစ်များအတွင်း တောင်ပိုင်းနယ်စပ်၌ အဆိုးရွားဆုံး ရွှေ့ပြောင်းသွားလာသူများ သေဆုံးမှုဟု နယူးယောက်တိုင်းသတင်းစာက ဖော်ပြခဲ့သည်။

ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း မက္ကဆီကိုနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းသွားလာသူ အရေအတွက် သိသိသာသာ မြင့်တက်လာခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း ဆန်အန်တိုနီယိုမြို့ရှိ စျေးဝယ်စင်တာတစ်ခု၌ ရပ်ထားသော ထရပ်ကားတစ်စင်းအ တွင်း တရားမဝင် ရွှေ့ပြောင်းသွားလာသူများ တွေ့ရှိခဲ့ပြီး ၄င်းတို့အနက် အပူလျှပ်မှုကြောင့် ဆယ်ဦး သေဆုံးခဲ့ သည်။

ကိုးကား – NHK
Ref; 46 apparent migrants found dead in tractor-trailer in Texas