
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
တိုင်ဖုန်းမုန်တိုင်း ‘ဘူအလွိုင်’ တိုက်ခတ်မှုကြောင့် ဗီယက်နမ်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေဘေးသင့်ခဲ့ရာ လူ ၁၂ ဉီးထက်မနည်း သေဆုံးပြီး ၁၇ ဉီး ပျောက်ဆုံးကာ လမ်းမကြီးတွေနဲ့ နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ အပူပိုင်းမုန်တိုင်းတစ်ခုအဖြစ် အင်အားပျော့သွားခဲ့ပြီး လာအိုနိုင်ငံဘက်သို့ ရွေ့လျားသွားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွေက ဆိုပါတယ်။
မုန်တိုင်းကြောင့် ယာယီတံတားတွေ မျောပါသွားခဲ့ပြီး လမ်းမကြီးတွေ ရေနစ်မြှုပ်ကာ ပြည်နယ်အ များအပြား ရေဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပျောက်ဆုံးနေတဲ့ တံငါသည် ၁၇ ဉီးကို ရှာဖွေနေပြီး ဟွေးမြို့၊ သန် ဟွာနဲ့ နင်ဘင်ပြည်နယ်တွေမှာ လေပြင်းတိုက်ခတ်လို့ နေအိမ်တွေ ပြိုကျခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေ က ဆိုပါတယ်။
ဗီယက်နမ်သို့ တိုင်ဖွန်းမုန်တိုင်း မဝင်ရောက်မီ မိသားစု ၃၅၀၀၀၀ ခန့် ဓာတ်အား ပြတ်တောက်ခဲ့ရ တယ်လို့ နိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဗီယက်နမ်အစိုးရဟာ လူပေါင်း ၂၈၀၀၀ ကျော်ကို ကြိုတင်၍ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ပြီး ရာနဲ့ချီ တဲ့ ရာနဲ့ချီတဲ့ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းကာ အလယ်ပိုင်းပြည်နယ်တွေရှိ လေဆိပ်လေးခုကို ပိတ်ခဲ့ပါတယ်။
သောကြာနေ့နောက်ပိုင်း တိုင်ဖွန်းမုန်တိုင်း ‘ဘူအလွိုင်’ ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူ ၂၀ ဦီးထက် မနည်း သေဆုံးခဲ့ပြီး အများစုဟာ ရေနစ် သို့မဟုတ် သစ်ပင်ပေါ်မှပြုတ်ကျပြီး သေဆုံးခဲ့တာလို့ တာဝန်ရှိသူ တွေက ပြောပါတယ်။
တိုင်ဖွန်းမုန်တိုင်း ‘ဘူအလွိုင်’ ဟာ တစ်ပတ်အတွင်း အာရှတိုက်မှာ တိုက်ခတ်ခဲ့တဲ့ ဒုတိယမြောက် အင်အားပြင်း မုန်တိုင်းဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က တိုင်ဖွန်းမုန်တိုင်း ‘ရာဂါဆာ’ ဖိလစ်ပိုင်မြောက်ပိုင်း၊ ထိုင်ဝမ်နဲ့ တရုတ်မှာ ဝင် ရောက်တိုက်ခတ်ခဲ့ရာ လူ ၂၈ ဉီး သေဆုံးခဲ့ပါတယ်။
ကိုးကား – Al Jazeera
Ref; At least 12 dead, more missing as Typhoon Bualoi makes landfall in Vietnam