ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်

ကိုးကန့်ဒေသမှာ ကျားဖြန့်စင်တာတွေ ထူထောင်ခဲ့တဲ့ မိသားစုရာဇဝတ်ဂိုဏ်းဝင် ၁၆ ဉီးကို တ ရုတ်တရားရုံးတစ်ရုံးက စက်တင်ဘာလ ၂၉ ရက်မှာ သေဒဏ်ချခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ကျားဖြန့်စင်တာတွေကို ဖြိုခွင်းဖို့ ပြီးခဲ့တဲ့လတွေအတွင်း အာဆီယံနိုင်ငံတွေနဲ့ ပူး ပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ကျားဖြန့်လုပ်သားတွေကို တရုတ်သို့ နေရပ်ပြန်ပို့ခဲ့ပါ တယ်။

အဆိုပါမိသားစု ရာဇဝတ်ဂိုဏ်းဟာ ၂၀၁၅ ခုနှစ်မှစပြီး ကျားဖြန့်လုပ်ငန်း၊ မူးယစ်ဆေးမှောင်ခိုကူး မှု၊ ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်ကိုင်ကာ ကာစီနိုတွေ ထူထောင်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဝမ်ကျိုးတရားရုံးက ပြောပါတယ်။

အဆိုပါဂိုဏ်းဟာ ကိုးကန့်ဒေသမှာ ကျားဖြန့်စင်တာတွေ ထူထောင်ဖို့ လက်နက်ကိုင်အဖွဲ့ကို အား ထားခဲ့တယ်လို့ တရားရုံးက လူမှုကွန်ရက်မှာတင်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အဆိုပါရာဇဝတ်ဂိုဏ်းဟာ ကျားဖြန့်လုပ်ငန်းမှ ထွက်ပြေးဖို့ကြိုးစားသူ သို့မဟုတ် စီမံခန့်ခွဲမှု မ လိုက်နာသူ ၁၄ ဉီးကို သတ်ဖြတ်ခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။

ကျားဖြန့်လုပ်ငန်းတွေဟာ လက်နက်ကိုင်ကာကွယ်ပေးတဲ့ ငွေကြေးထောက်ခံသူတွေများစွာကို ဆွဲဆောင်ခဲ့ပြီး ဒေါ်လာ ၁ ဒသမ ၈၁ ဘီလီယံနဲ့ညီမျှတဲ့ ယွမ် ၁၀ ဘီလီယံ ပါဝင်ခဲ့တယ်လို့ တရားရုံးရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေကို နှစ်နှစ် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပြီး ၂၃ ဉီးကို ထောင်ဒဏ် ၅ နှစ်မှ ၂၃ နှစ်အထိ ချမှတ်ခဲ့တာပါ။

တရုတ်နဲ့ အရှေ့တောင်အာရှ ကျားဖြန့်ဂိုဏ်းတွေဟာ ဆိုက်ဘာစင်တာတွေမှတစ်ဆင့် နှစ်စဉ် ဒေါ် လာ ဘီလီယံချီ လိမ်လည်နေကြတယ်လို့ ကုလသမဂ္ဂက ဧပြီလအတွင်း သတိပေးခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ကမ္ဘာ့နိုင်ငံ ၂၀ ကျော်မှ လူပေါင်း ၇၀၀၀ ဝန်းကျင်ကို မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများမှ ကယ်ထုတ်ကာ နေရပ်ပြန်ပို့ခဲ့ပါတယ်။

ကိုးကား – AFP
Ref; China sentences 16 Myanmar-linked gang members to death