
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် လူငယ်များကို ဖမ်းဆီးကာ အခြားဒေသများသို့စစ်မှုထမ်းအစားထိုးအဖြစ်ရောင်းစားသည့် အုပ်ချုပ်ရေးမှူး နှစ်ဦးကိုဖမ်းဆီးခဲ့သော်လည်း ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ၂၅ ရက်နေ့က ပုသိမ်မြို့အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဟန်၀င်းအောင်နှင့် ရပ်ကျေးစာရေးတစ်ဦး၊ အမှတ်(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးအေးကိုတို့ကို နေအိမ်တွင်၀င်ရောက်ဖမ်းဆီးခဲ့သော်လည်း သုံးရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
“အမှတ်(၁၀)အုပ်ကြီးကို လာဖမ်းတုန်းကရှောင်သွားပြီးအခု ရုံးပြန်ထိုင်နေပြီသူ့ကိုတိုင်ချင်ရင် မင်းအောင်လှိုင်ကို သွားတိုင်မှရမယ်ဆိုပြီး စိန်ခေါ်နေတယ်”ဟု ရပ်ကွက်ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဖမ်းဆီးခံရသည့် အုပ်ချုပ်ရေးမှူးများ၏ လိုင်စင်မဲ့ကားများကိုရဲတပ်ဖွဲ့မှသိမ်းဆည်းသွားသော်လည်း အမှုဖွင့်ထားခြင်းမရှိသေးကြောင်း ပုသိမ်မြို့နယ်ရဲတပ်ဖွဲနှင့်နီးစပ်သူတစ်ဦး မှပြောသည်။
ဧရာ၀တီတိုင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင်စစ်မှုထမ်းသင်တန်းတက်ရောက်ပြီး ရှေ့တန်းသို့ပို့ဆောင်ရာတွင်သေဆုံးမှုများရှိလာသဖြင့်လိုက်ပါမည်သူ့မရှိသောကြောင့် အုပ်ချုပ်ရေးမှူးများက လူပွဲစားများနှင့်ပေါင်းကာ လူငယ်များကိုဖမ်းဆီးပြီး အခြားဒေသများသို့ ရောင်းစားနေကြခြင်းဖြစ်သည်။