
အာဆီယံအဖွဲ့ ဝင်ခွင့်ရရေးအတွက် မြန်မာစစ်ကော်မရှင်အပေါ် ရပ်တည်ချက် ပြောင်းသွားတဲ့ အရှေ့တီမော
(ဘာသာပြန် – MZH)
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်
အရှေ့တီမောနိုင်ငံဟာ အောက်တိုဘာလ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အာဆီယံအဖွဲ့သို့ ဝင်ရောက်ရေးလမ်းကြောင်း ချောမွေ့စေဖို့ ကြိုးပမ်းလျက်ရှိရာ သူရဲ့ မြန်မာစစ်ကော်မရှင်အပေါ် ရပ် တည်ချက် ပြောင်းလဲမှုကို အာဆီယံဒေသမှာ ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ တိုင်းပြည်ကို ပြည်တွင်းစစ်နွံထဲ သက်ဆင်းစေခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် အာဏာရလာခဲ့တဲ့ မြန်မာစစ်ကော်မရှင်ကို အဓိ က ဝေဖန်ခဲ့သော အရှေ့တီမောနိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ထင်ရှားစွာ သဘောထား ပြောင်းခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လို အတိုက်အခံအဖွဲ့တွေကို တီမောမြေမှာ ရုံး ခန်းဖွင့်ခွင့်မပြုဘူးလို့ အရှေ့တီမောက ဒီလအစောပိုင်းမှာ မြန်မာစစ်ကော်မရှင်ကို ကတိပြုခဲ့ပါတယ်။
အရှေ့တီမောနိုင်ငံရဲ့ ရပ်တည်ချက်ပြောင်းလဲမှုကို လက်တွေ့ကျသော လုပ်ဆောင်ချက်တစ်ခုအ ဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား စိုးရိမ်မှုတွေ ဖြေဖျောက်ပေးဖို့နဲ့ အာဆီယံအ ဖွဲ့ဝင်ရောက်ခွင့်ရဖို့ နောက်ဆုံး အတားအဆီးတွေကို ဖယ်ရှားပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
“အရှေ့တီမောနိုင်ငံဟာ ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ အာဆီယံအဖွဲ့မှာ ဝင်ရောက်ခွင့်ရဖို့မှာ အ ခက်အခဲ မရှိချင်တော့ဘူး။ အာဆီယံအဖွဲ့မှာ လက်တွေ့ကျတဲ့ မဟာဗျူဟာမြောက် ဖိအားတွေကြောင့် ဖြစ်ပါတယ်” လို့ နိုင်ငံရေး သုံးသပ်လေ့လာသူ ဗူလမ်က ပြောပါတယ်။ “အရှေ့တီမောနိုင်ငံဟာ ဒီအခြေ အနေရောက်ဖို့ ခရီးဝေး လျှောက်ခဲ့ရတာပါ” လို့ ISEAS-Yusof Ishak Institute မှ အာဆီယံလေ့လာရေး စင်တာရဲ့ အကြီးတန်းသုတေသီ ဂျွန်နီလင်းက ပြောပါတယ်။
အချုပ်အခြာအာဏာအတွက် ရွေးချယ်မှု
အရှေ့တီမောနိုင်ငံဟာ အာဆီယံအဖွဲ့ ဝင်ရောက်ခွင့်ရဖို့ ဆယ်စုနှစ်ချီ ကြိုးပမ်းခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံထံမှ လွတ်လပ်ရေးရပြီး နှစ် ၂၀ ကျော်အကြာ ၂၀၂၂ ခုနှစ်မှာ လေ့လာသူအဆင့် ရရှိခဲ့ပါတယ်။ မ လေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် တရားဝင် အ တည်ပြုဖို့ မျှော်မှန်းရပါတယ်။
သို့သော်လည်း အရှေ့တီမောနိုင်ငံရဲ့ အာဆီယံအဖွဲ့ဝင်ခွင့် သံတမန်ရေးရာလမ်းဟာ မချောမွေ့ခဲ့ ပါဘူး။ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရှေ့တီမောနိုင်ငံက လူသိရှင်ကြား ရှုတ်ချ ခဲ့ရာ ၂၀၂၃ ခုနှစ်မှာ တီမောသံအမတ်ကြီး ရန်ကုန်မြို့မှ နှင်ထုတ်ခံခဲ့ရပါတယ်။ အရှေ့တီမောနိုင်ငံရဲ့ အာ ဆီယံအဖွဲ့ ဝင်ခွင့်ပြုရေးထောက်ခံမှုကို ရုတ်သိမ်းမယ်လို့ မြန်မာစစ်ကော်မရှင်က ဒီနှစ်အစောပိုင်းမှာ အာ ဆီယံအဖွဲ့ ဥက္ကဌ မလေးရှားနိုင်ငံကို အကြောင်းကြားခဲ့ပါတယ်။
ဒီလီမြို့တော်မှာ သံရုံးတစ်ခု ဖွင့်လှစ်ဖို့ အရှေ့တီမောနိုင်ငံက အဆိုပြုခဲ့ပြီး အတိုက်အခံအဖွဲ့တွေ ကို ရည်ညွှန်းကာ မြန်မာအစိုးရကို ဆန့်ကျင်တဲ့ တရားမဝင် အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ခွင့်မ ပြုဖို့ ကတိပြုခဲ့ကြောင်း မြန်မာစစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
“ကျန်တဲ့ အာဆီယံအဖွဲ့ဝင်တွေက မြန်မာစစ်ကော်မရှင်ကို အသိအမှတ်ပြုမှုနဲ့အတူ အရှေ့တီ မောကို မြန်မာစစ်ကော်မရှင်နဲ့ ဆက်ဆံရေးပြင်ဆင်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှု တရားဝင် ရပ်တည်ချက် ချမှတ်ဖို့ အာဆီယံအဖွဲ့က လိုလားတယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ISEAS-Yusof Ishak Institute မှ အာဆီယံလေ့လာရေးစင်တာရဲ့ ညှိနှိုင်းရေးမှူး ရှာရွန်ဆီယာက ပြောပါတယ်။
မြန်မာအတိုက်အခံတွေနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ အရှေ့တီမောရဲ့ ကတိကဝတ်ဟာ မြန်မာ စစ်ကော်မရှင်နဲ့ အာဆီယံအဖွဲ့ဝင်တွေအတွက် သတင်းစကားဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ဘယ် အာ ဆီယံအဖွဲ့ဝင်နိုင်ငံမှာမှ NUG ရုံးခန်းတွေ မရှိပါဘူး။ ဒါပေမယ့် ဒါဟာ ဒေသတွင်းအစိုးရတွေက NUG နဲ့ ထိတွေ့ဆက်ဆံမှု မလုပ်ဖူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ မြန်မာ့အရေး အဖြေရှာဖို့က မြန်မာနိုင်ငံတွင်း နဲ့ပြင်ပရှိ သက်ဆိုင်သူအားလုံး မရှိမဖြစ် ပါဝင်ရမှာဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
“အာဆီယံအဖွဲ့ဝင်အချို့က အရှေ့တီမောရဲ့လုပ်ရပ်ကို ကြိုဆိုပေမယ့် အင်ဒိုနီးရှားနဲ့ မလေးရှား လို ဒီမိုကရေစီပိုဆန်တဲ့ တိုင်းပြည်တွေက အရှေ့တီမောရဲ့ ရပ်တည်ချက်ပြောင်းလဲမှုကို မသက်မသာဖြစ် ဖွယ်ရှိပါတယ်” လို့ ဂျွန်နီလင်းက ပြောပါတယ်။
အရှေ့တီမောနိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ မစွက်ဖက်ရေးမူဟာ အာဆီယံအဖွဲ့ရဲ့ အခြေခံစည်းမျဉ်းဖြစ် တယ်လို့ နိုင်ငံရေးသုံးသပ်လေ့လာသူ မတ်တီယိုပီယာဆန်တီနီက ပြောပါတယ်။ “ဒါဟာ အာဆီယံနိုင်ငံ တွေ လေးစာသမှုထားတဲ့ အချုပ်အခြာအာဏာ ရွေးချယ်ခွင့်တစ်ခု ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဟာ အ ရှေ့တီမောကို မြန်မာနဲ့ ဆက်ဆံရေးပြင်ဖို့ အကျပ်ကိုင်ခဲ့တာမရှိဘူး” လို့ ဖိလစ်ပိုင်တက္ကသိုလ်၊ နိုင်ငံတ ကာဆက်ဆံရေးဌာနမှ ကထိကဖြစ်တဲ့ ၎င်းက ဆိုပါတယ်။
ဘုံသဘောတူညီချက် စွန့်လွှတ်ရမှု
အရှေ့တီမောနိုင်ငံရဲ့ မြန်မာစစ်ကော်မရှင်အပေါ် ရပ်တည်ချက်ပြောင်းလဲမှုဟာ အာဆီယံအဖွဲ့ ဝင်ဖြစ်ရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးအတွက် ဒေသတွင်းနိုင်ငံတွေရဲ့ ထောက်ခံမှုရဖို့ ဉီး စားပေးတာလို့ နိုင်ငံရေးသိပ္ပံပညာရှင် ဗူလမ်က ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ပထမအဆင့်ကျင်းပဖို့ ပြင်ဆင်နေလို့ အရှေ့ တီမောရဲ့လုပ်ရပ်ဟာ သူ့ရဲ့လုပ်ရပ်တွေအတွက် မြန်မာစစ်ကော်မရှင်ကို တာဝန်ခံစေဖို့ အာဆီယံအဖွဲ့ရဲ့ လုပ်နိုင်စွမ်းကို ဘောင်ခတ်စေနိုင်ကြောင်း ၎င်းက သတိပေးခဲ့ပါတယ်။
အရှေ့တီမောနိုင်ငံရဲ့ အာဆီယံအဖွဲ့ဝင်ခွင့်နဲ့ မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို လာမယ့်လ ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံအဖွဲ့က သီးခြားစီ ကိုင်တွယ်ဖြေရှင်းရမယ်လို့ ဂျွန်နီလင်းက ဆက်ပြောပါတယ်။
“အာဆီယံအဖွဲ့ အလှည့်ကျဥက္ကဌတွေက NUG နဲ့ ထိတွေ့ဆက်ဆံခဲ့ပြီး ဘယ်အာဆီယံအဖွဲ့ ဥက္ကဌကမှ မစွက်ဖက်ရေးမူ ချိုးဖောက်ကြောင်း စွပ်စွဲခံရတာမရှိခဲ့ဘူး။ အရှေ့တီမောနိုင်ငံဟာ အာဆီယံ အဖွဲ့ အခြေခံမူတွေကို အနည်းငယ် ချိုးဖောက်တယ်လို့ ခံစားစေပါတယ်” လို့ သူက ပြောပါတယ်။
အရေးကြီးဆုံးမှာ အာဆီယံဥက္ကဌကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် နောက်ထပ် ပေါက်ကွဲလုနီးပါးအ ခြေအနေ ဖန်တီးတာကို တီမောလက်စ်တေးနိုင်ငံက ရှောင်ရှားလိုက်တာပါလို့ ၎င်းက ဆိုပါတယ်။
စက်တင်ဘာလ ၂၉ ရက်က South China Morning Post ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Sam Beltran ရဲ့ East Timor’s Asean dreams see it mend fences with Myanmar’s military junta ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။