
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်
ဘုံသဘောတူညီချက် (၅) ရပ်အပေါ် အများယုံကြည်လက်ခံနိုင်စွမ်း ပြန်လည်ရရှိဖို့ အာဆီယံအ ဖွဲ့က ကြိုးပမ်းနေပြီး မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ တည်ငြိမ်မှုရရှိဖို့ ဆောင်ရွက်နေတယ်လို့ မလေးရှား နိုင် ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။
သဘောတူညီထားတဲ့ အပစ်အခတ်ရပ်စဲရေးတွေ ဒေသအချို့မှာ ကျိုးပျက်ခဲ့ပြီး အကြမ်းဖက်မှု တွေက အရပ်သားတွေကို အန္တရာယ်ဖြစ်စေတာကို အာဆီယံအဖွဲ့က အလွန်အမင်း စိတ်ပျက်မိတယ်လို့ ၎င်းက ဆိုပါတယ်။
မြန်မာဟာ ဒေသတစ်ခုသာဖြစ်ပြီး အထီးကျန်တိုင်းပြည်တစ်ခု မဟုတ်တာကို အာဏာရယူထား သူတွေက သိရမယ့်တာဝန်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
မြန်မာတွေဉီးဆောင်တဲ့ ပဋိပက္ခအဖြေရှာဖို့ ကောင်းမွန်သောယုံကြည်မှုရရှိရေး အတူလက်တွဲ ဆောင်ရွက်ပါက တောက်ပပြီး ဘေးအန္တရာယ်ကင်းသော အနာဂတ်တစ်ရပ်ရှိတယ်လို့ မိုဟာမက်ဟတ် ဆန်က ပြောပါတယ်။
စနေနေ့က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ အကြိမ် ၈၀ မြောက် အထွေ ထွေညီလာခံမှာ မလေးရှားနိုင်ငံရဲ့ ထုတ်ပြန်ချက်ကို ဖတ်ကြားစဉ် သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။
ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး တိုးမြှင့်ခြင်း၊ စီးပွားရေး ကြံ့ကြံ့ခံမှု မြှင့်တင်ခြင်းနဲ့ တာရှည်ခံ ရည်မှန်း ချက်တွေ ရှေ့ဆက်လုပ်ဆောင်ခြင်းမှာ အာဆီယံဟာ ဒေသဆိုင်ရာ အဖွဲ့အစည်းအနေနဲ့ အရေးပါတဲ့ အ ခန်းကဏ္ဍမှ ဆက်လက်ပါဝင်မယ်လို့ ၎င်းက ဆိုပါတယ်။
စိန်ခေါ်မှုတွေ ဆက်ရှိနေတာကို မိုဟာမက်ဟတ်ဆန်က ဝန်ခံခဲ့ပေမယ့် အာဆီယံအဖွဲ့ဟာ သက် ဆိုင်ရာတိုင်းပြည်တွေကို ကဝတ်ကဝတ်တွေ လေးစားသမှုရှိကြဖို့ တိုက်တွန်းမယ်လို့ ပြောပါတယ်။
ကိုးကား – Bernama
Ref; ASEAN must restore credibility of Myanmar peace plan, says foreign minister