ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်

စနေနေ့က အိန္ဒိယနိုင်ငံတောင်ပိုင်း တမီနာဒူလ်ပြည်နယ်က နိုင်ငံရေး ထောက်ခံပွဲတစ်ခုမှာ လူ အုပ်ပြိုမှုဖြစ်ပွားခဲ့ရာ လူ ၃၆ ဉီးထက်မနည်း သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေအနက် ရှစ်ဉီးဟာ ကလေးငယ်တွေဖြစ်တယ်လို့ အိန္ဒိယနိုင်ငံရှိ ဒေသန္တရ အာဏာ ပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ထူထောင််ခဲ့တဲ့ နိုင်ငံရေးပါတီတစ်ခုကို ဉီးဆောင်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဗီဂျေးကို ထောက်ခံပွဲမှာ လူအုပ်ပြိုမှု ဖြစ်ပွားခဲ့တာပါ။

ထောက်ခံပွဲမှာ လူ ၃၀၀၀၀ ခန့် စုဝေးခဲ့ပြီး ဗီဂျေး မိန့်ခွန်းပြောဖို့ ပြင်ဆင်ထားတဲ့ မော်တော်ကား တစ်စင်း ရောက်ရှိလာချိန်မှာ လုအုပ်ပြိုမှု ဖြစ်ခဲ့တာလို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဒေသန္တရမီဒီယာတွေက ဖော်ပြပါတယ်။

မော်တော်ကားဝန်းကျင်မှာ ကြီးမားတဲ့လူအုပ်ကြီးရှိနေတာကို ရိုက်တာသတင်းဌာနရဲ့ ရုပ်သံဖိုင် က ဖော်ပြပါတယ်။

လူအုပ်ပြိုမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမယ့် ကော်မတီတစ်ရပ် ဖွဲ့စည်းမယ်လို့ ပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။

မကြာသေးမီက အိန္ဒိယနိုင်ငံမှာ အလားတူ လူအုပ်ပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီလအ တွင်း အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်မှာကျင်းပတဲ့ ဟိန္ဒူဘာသာရေး အခမ်းအနား တစ်ခုမှာ လူအုပ်ပြိုမှု ဖြစ်ပွားခဲ့ရာ လူ ၃၀ ဦီးထက်မနည်း သေဆုံးခဲ့ပါတယ်။

ကိုးကား – NHK
Ref; Stampede at India political rally leaves at least 36 dead