ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်

 

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF-2)၊ တပ်ခွဲ (၂) အနေဖြင့် အပတ်စဉ် (၃) အတွက် တော်လှန်ရေးတိုက်ပွဲဝင်မည့် သင်တန်းသားသစ်များ ကို စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ ယခုတိုင် ဆက်လက်ခေါ်ယူနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

 

တော်လှန်ရေးကို စိတ်ပါဝင်စားပြီး လာရောက်မည့် သင်တန်းသားများမှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

“သင်တန်းသားတွေ အနည်းငယ် လိုအပ်နေသေးတာကြောင့် သင်တန်းကို မစတင်ရ‌သေးတာပါ။ လူအင်အား အဆင်ပြေရင်တော့ သင်တန်းကို စောစောလေး စဖို့လည်း စီစဉ်ထားပါတယ်” ဟု YPDF-2၊ တပ်ခွဲ (၂) မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

သင်တန်းသားအင်အား ပြည့်မီပါက လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့ တွင် သင်တန်းကို စတင်မည်ဖြစ်ပြီး သင်တန်းကာလသည် သုံးလ ကြာမြင့်မည် ဖြစ်သည်။

 

သင်တန်းပြီးဆုံးပါက စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အားသွန်ခွန်စိုက် တိုက်ပွဲဝင်ရမည် ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

 

ဓာတ်ပုံ-ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၂ တပ်ခွဲ၂။