
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဟာ သောကြာနေ့က နယူးယောက်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့ပြီး မကြာသေးမီက ပါလက်စတိုင်းနိုင်ငံကို အသိ အမှတ်ပြုခဲ့တဲ့ ဗြိတိန်နဲ့ပြင်သစ် အပါအဝင် တိုင်းပြည်အချို့ကို ဝေဖန်ခဲ့ပါတယ်။
ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမှုဟာ ရူးသွပ်မှုလို့ သူက ဆိုပြီး အစ္စရေးနိုင်ငံက အ လားတူ လုပ်ဆောင်မှာမဟုတ်ဖူးလို့ ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ စတုတ္ထနေ့မှာ နေတန်ယာဟုက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ကို မိန့်ခွန်းပြောကြားခဲ့ပြီး သူမိန့်ခွန်းပြောနေစဉ် ကိုယ်စားလှယ်အများအပြားက အစည်းအဝေးခန်းမအ တွင်းမှ ထွက်ခွာသွားခဲ့ပါတယ်။
အစ္စရေးနိုင်ငံက ဂါဇာမြို့တော်ကို သိမ်းပိုက်မယ့် စစ်ဆင်ရေးကို တိုးချဲ့သွားမှာဖြစ်ကြောင်း ၎င်း က ဆက်ပြောပါတယ်။
အစ္စရေးနိုင်ငံက အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ကာ ပြည်သူတွေကို ငတ်မွတ် ခေါင်းပါးအောင် တွန်းအားပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို သူက ပယ်ချခဲ့ပါတယ်။
ပါလက်စတိုင်းနိုင်ငံ ထူထောင်မှုအပေါ် အစ္စရေးနိုင်ငံရဲ့ ရပ်တည်ချက်ကိုလည်း ၎င်းက မိန့်ခွန်း မှာ ထည့်ပြောခဲ့ပါတယ်။
စစ်ပွဲ အမြန်ဆုံးရပ်တန့်ရေး တောင်းဆိုဖို့ လူအုပ်ကြီးဟာ ကုလသမဂ္ဂဌာနချုပ်အနီး စုဝေးခဲ့ပြီး အပစ်အခတ်ရပ်စဲဖို့ ဆန္ဒပြခဲ့ကြပါတယ်။
နေတန်ယာဟုရဲ့မိန့်ခွန်းကို ဂါဇာမြို့တော်မှာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီး နယ်စပ်အနီးမှာလည်း လော်စပီကာတွေနဲ့ ဖွင့်ပြခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
ဒေသခံပြည်သူတွေကို နေတန်ယာဟုရဲ့မိန့်ခွန်း တိုက်ရိုက် ထုတ်လွှင့်ပြသဖို့ အစ္စရေးစစ်တပ်က ဂါဇာမြို့တော်မှာ မိုဘိုင်းဖုန်းစနစ်ကို ထိန်းချုပ်ထားပါတယ်။
ကိုးကား – NHK
Ref; Netanyahu: ‘sheer madness’ to recognize Palestinian state