‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၂၇ရက်

‎AAထိန်းချုပ်ထားသည့် သံတွဲမြို့ကို စစ်ကော်မရှင်က ဂျက်ဖိုက်တာနှင့် ဗုံးနှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံအရပ်သား ပြည်သူ တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။


‎သံတွဲမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ဦးညီညီ ဖြစ်သူသေဆုံးသွားပြီးမောင်သန့်ဇင်ဖြိုး(၆နှစ်)၊ မောင်အောင်သီဟစိုး (၁၄နှစ်)၊ ဒေါ်ခင်ခင်ဌေး (၃၇နှစ်) ၊ ဒေါ်ခင်ထွေး (၅၃ နှစ်) နှင့် ဦးထွန်းနိုင်မင်း(၄၂ နှစ်) တို့ ဒဏ်ရာရရှိခဲ့သည်။

‎စစ်ကော်မရှင်က သံတွဲမြို့ အမှတ် ၄ ရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် စက်တင်ဘာ ၂၇ ရက် ည ၈နာရီ ၂၇မိနစ်တွင် တစ်ကြိမ်၊ ၈နာရီ ၃၂မိနစ်တွင်တစ်ကြိမ် ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။

 

စက်တင်ဘာ ၂၆ရက်နေ့ ညနေပိုင်းကလည်း တောင်ကုတ်မြို့ စကခ ၅အနီးရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များကို ထုတ်ပြန်ပြီးနောက် ၎င်းတို့လက်လွှတ်လိုက်ရသည့် AA ထိန်းချုပ်ထားသော နယ်မြေများကို ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လာခြင်းဖြစ်သည်။

သံတွဲမြို့ကို စစ်ကော်မရှင်၏ ပင်လယ်တွင်းသွားလာနေသော စစ်သင်္ဘောများမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်း ရှိခဲ့သည်။

‎ဓာတ်ပုံ – Arakan Princess Media