ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

 

မန္တလေးမြို့ရှိခေတ်ပြိုင်စာရေးဆရာများထဲမှ စာရေးဆရာ သင့်နော် (ခ) ဦးသန်းဌေး အသက် (၇၇) နှစ်သည် ယနေ့ နေ့လယ်ပိုင်းက ကွယ်လွန်သွားကြောင်း စာပေအသိုင်းအဝိုင်းထံမှ သိရသည်။

 

ဥတ္တရလွင်ပြင်စာပေ မှ ဆောင်းပါးရှင် စာရေးဆရာသင့်နော်သည် ၁၉၈၈ ခုနှစ်အစောပိုင်းတွင် အရေးတော်ပုံသတင်းစာထုတ်ဝေသူဖြစ်ပြီး ဂျာနယ်၊ မဂ္ဂဇင်းများတွင်စာပေကဏ္ဍအပါအဝင် နိုင်ငံရေးဆိုင်ရာသတင်းဆောင်းပါးများရေးသားသူဖြစ်သည်။

“ ဆရာက စာအုပ်နဲ့စာပေနှံ့စပ်သိမြင်ပြီး လူကြီးလူငယ်အားလုံးနဲ့ တရင်းတနှီးနေ တတ်တဲ့ဆရာမလို့ နှမြောမိတယ်” ဟု ဆရာ့ပရိသတ်တစ်ဦးက ဝမ်းနည်းစကားဆိုသည်။

 

ဆရာရေးသားထားသည့် ၁၉၅၀ မှ ၁၉၆၀ အထိ ဆယ်နှစ်တာကာလအတွင်း စာနယ်ဇင်းပါ မြန်မာ့ကြော်ငြာများစာအုပ် သူ့ခေတ်၊ သူ့ခါ၊ သူတို့ကြော်ငြာ စာအုပ်သည် ထင်းရှားနာမည်ကြီးကြောင်း သိရသည်။

 

ဆရာ့ဆောင်းပါးများထဲမှ ထောင်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွှန့် ( ငြိမ်း) ကထောက်လှမ်းရေးအဖွဲ့ပြန်ဖွဲ့သင့်ကြောင်းပြောကြားနှင့်ပတ်သက်ပြီးရေးထားသည့် နောက်တစ်ခါ လာပြန်ချည်သေး ဆောင်းပါးသည့် အထင်ရှားဆုံးဖြစ်ကြောင်းသိရသည်။

 

ယခုနှစ်များအတွင်း မန္တလေးမြို့ခံစာရေးဆရာများထဲမှ ဆရာသိုက်ထွန်းသက်၊ ဆရာညီပုလေးတို့ကွယ်လွန်သွားပြီဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်