
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တူရကီသမ္မတ ရီစက်တေယက်အာဒိုဂန်နဲ့ ဆွေးနွေးမှု တွေ ပြုလုပ်ကာ ရုရှားမှ ရေနံဝယ်ယူတာရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ တူရကီရဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိခြင်းအားဖြင့် ရုရှားရဲ့ ယူကရိန်းကျူး ကျော်စစ်ကို ဖြေရှင်းဖို့ ရည်ရွယ်ပုံပေါ်ပါတယ်။
တူရကီနိုင်ငံဟာ နေတိုးအဖွဲ့ဝင်ဖြစ်ပေမယ့် ပထဝီအနေအထားအရ ရုရှား၊ ယူကရိန်းတို့အနီး တည်ရှိပြီး နှစ်နိုင်ငံစလုံးနဲ့ နီးကပ်သောဆက်ဆံရေး ရှိပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ အာဒိုဂန်နဲ့ ထိပ်သီးဆွေးနွေးမှု ပြုလုပ်ခဲ့ ပြီး ယခုလို တောင်းဆိုခဲ့တာပါ။
ရုရှားက ယူကရိန်းကို တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ရုရှားမှ ရေနံဝယ်ယူတာ ရပ်တန့်စေချင် ပါတယ်လို့ ဒေါ်နယ်ထရမ့်က အာဒိုဂန်ကို ပြောပါတယ်။
တရုတ်နဲ့အိန္ဒိယဟာ ရုရှားမှ ရေနံတွေ ဆက်လက်ဝယ်ယူနေတယ်လို့ ကုလသမဂ္ဂ အထွေထွေညီ လာခံမှာ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး စစ်ပွဲကို ပံ့ပိုးကူညီနေတဲ့ နှစ်နိုင်ငံစလုံးကို ဝေဖန်ခဲ့ပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေပင် ရုရှားထံမှ စွမ်းအင်တင်သွင်းမှုတွေ မလျှော့ချဘူးလို့ ၎င်းက ဆက် ပြောပါတယ်။
အာဒိုဂန်ကို ရုရှားသမ္မတ ပူတင်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့က အလွန် လေးစားသမှုရှိ တယ်လို့လည်း သူက ဆိုပါတယ်။
ကိုးကား – NHK
Ref; Trump asks Turkey President Erdogan to stop buying Russian oil