ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

 

ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့ရှိ ထင်ရှားသည့် ဘား၊ ကလပ်နှင့် အပန်းဖြေဧရိယာများရှိသည့် Bangla လမ်းတွင် အဝတ်အစားများချွတ်ကာ ဝတ်လစ် စလစ်ဖြင့် ကခုန်ခဲ့သည့် ဗြိတိန်အမျိုးသားကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများထံမှ သိရသည်။

 

အသက် ၄၄ နှစ်အရွယ် ဗြိတိန်အမျိုးသားသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၁၂ နာရီ အစောပိုင်းက လူအများကြားတွင် ဝတ်လစ် စလစ်ဖြင့် ကခုန်ခဲ့သည်။

 

အဆိုပါဗွီဒီယိုမှာ ပျံ့နှံ့သွားခဲ့ပြီးနောက် စက်တင် ဘာ ၂၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးပြီးနောက် အဆိုပါဗြိတိန်အမျိုးသားကို စစ်ဆေးခဲ့ရာ မူးယစ်စေသည့်မှို(Magic Mushrooms) ၀.၈၉ ဂရမ်ကို လက်ဝယ် စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းကိုဆေးစစ်ချက်ထပ်မံပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

 

လက်ရှိတွင် ဗြိတိန်အမျိုးသားမှာ အများပြည်သူရှေ့တွင် အသင့်လျော်သည့်အပြုမူများ ပြုလုပ်သည့်အတွက် ဘတ် ၅၀၀ ထက်မပိုသည့်ဒဏ်ငွေနှင့် မူးယစ်ဆေးဝါး(မှို) တရားမဝင် လက်ဝယ်တွေ့ရှိမှု အပါအဝင် ဗီဇာ ၁၆၂ ရက်ကျော်လွန် နေထိုင်သည့် စွဲချက်များဖြင့် ရင်ဆိုင်နေရကြောင်းသိရသည်။

 

ဖူးခတ်တွင် သွားနေသည့်ကားပေါ်၌ ဝတ်လစ် စလစ်ဖြင့် လိင်ဆက်ဆံသည့်ဗီဒီယိုကို ရိုက်ကူးခဲ့သူ အသက် ၂၃ နှစ်အရွယ်ရုရှားအမျိုးသားကိုလည်း ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ထိုင်းနိုင်ငံသို့ ပြည်ဝင်ခွင့်တစ်သက်တာကို ပိတ်ပင်ခဲ့ကြောင်းသိရသည်။

ကိုးကား – Khaosod English