ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

ဘုံသဘောတူညီချက် (၅) ရပ် အပြည့်အဝ အကောင်အထည်ဖော်ဖို့နဲ့ အမျိုးသား ပြန်လည်သင့် မြတ်ရေးလမ်းကြောင်း ရည်ရွယ်ကာ သက်ဆိုင်သူအားလုံးကြား တွေ့ဆုံမှုတွေလုပ်ဆောင်ဖို့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံဖို့ မြန်မာစစ်ကော်မရှင်ကို အာဆီယံအဖွဲ့က တိုက် တွန်းမယ်လို့ သိရပါတယ်။

အဆိုပါကြိုးပမ်းမှုတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက ထောက်ခံခဲ့တယ်လို့ မလေးရှား နိုင် ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

ကြာသပတေးနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ အကြိမ် ၈၀ မြောက် အစည်းအဝေးနဲ့အ တူ ကျင်းပတဲ့ ကုလသမဂ္ဂ မိတ်ဆွေများဖျန်ဖြေရေးအဖွဲ့ ဝန်ကြီးအဆင့် အစည်းအဝေးမှာ သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။

စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်ခဲ့တာပါ။

၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံခေါင်းဆောင်တွေဟာ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပ ကာ ဘုံသဘောတူညီချက် (၅) ရပ် ချမှတ်ခဲ့တာပါ။

အဓိပ္ပာယ်ရှိသော ဆွေးနွေးမှုတွေပြုလုပ်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေး စောင့်ထိန်းဖို့ အာဆီယံအဖွဲ့ က ကမ္ဘောဒီးယား၊ ထိုင်းတို့နဲ့ ထိတွေ့ဆက်ဆံမှု ဆက်လုပ်မယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Bernama
Ref; Asean to press Myanmar on full five-point consensus implementation, says foreign minister