
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်
တတိယမြောက် လေယာဉ်တင်သင်္ဘော ဖုကျန့်ဟာ မကြာမီ တာဝန်ထမ်းဆောင်မှု စတင်ဖို့ မျှော် လင့်ကြောင်း တရုတ်နိုင်ငံက ပြောပါတယ်။
ဖုကျန့်ဟာ သင်္ဘောပေါ်မှ မထွက်ခွာမီ လေယာဉ်ကို အရှိန်မြှင့်ပေးတဲ့ လျှပ်စစ်သံလိုက်စနစ် တပ် ဆင်ထားတဲ့ တရုတ်နိုင်ငံရဲ့ ပထမဆုံးသော လေယာဉ်တင်သင်္ဘော ဖြစ်ပါတယ်။
လေယာဉ်တင်သင်္ဘော စတင်တာဝန်ထမ်းဆောင်ဖို့ မဝေးတော့ဘူးလို့ တရုတ်၊ ကာကွယ်ရေးဝန် ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်ကျားဂန်က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြော ကြားခဲ့ပါတယ်။
လေယာဉ်တင်သင်္ဘော ဖုကျန့်ရဲ့ စမ်းသပ်မှုနဲ့ လေ့ကျင့်မှုကို စီမံချက်နဲ့အညီ အောင်မြင်စွာ ဆောင်ရွက်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
တိုက်လေယာဉ်တွေရဲ့ အတက်၊ အဆင်း အောင်မြင်စွာ ပြုလုပ်မှုနဲ့ ကြိုတင်သတိပေးစနစ်၊ လေ ယာဉ်ထိန်းချုပ်မှုတွေကို တရုတ် နိုင်ငံပိုင်ရုပ်သံဌာနက ဖော်ပြခဲ့ပါတယ်။
အခြား လေယာဉ်တင်သင်္ဘောတွေဖြစ်တဲ့ လျောင်နင်၊ ရှန်တုံတို့နဲ့အတူ ဖုကျန့် လေယာဉ်တင် သင်္ဘောကို အသုံးပြုပြီး စစ်ဆင်ရေးစွမ်းရည် မြှင့်တင်ဖို့ တရုတ်နိုင်ငံက ရည်ရွယ်ပါတယ်။
ထိုင်ဝမ်၊ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ အမေရိကန်နိုင်ငံတို့က တရုတ်ရဲ့ စစ်ရေးတည်ဆောက်မှု ကြောင့် စိုးရိမ်မှုတွေ ပိုမို ကြီးမားလာနိုင်ပါတယ်။
ကိုးကား – NHK
Ref; China to commission its third aircraft carrier soon