ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်

 

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်နှင့် ဗျူဟာမြောက်အရေးပါသည့် စွယ် တော်ကုန်းဘက်သို့ ထိုးစစ်ဆင်နေသည့် စစ်ကော်မ ရှင်တပ်နှင့် ခုခံတိုက်ခိုက်‌နေသည့် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များ ၅ ရက်မြောက်နေ့အထိ တိုက်ပွဲပြင်း ထန်နေဆဲဖြစ်ကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် လေကြောင်းအပါအဝင် အသေခံ ကာမိကာဇေဒရုန်းများ၊ လက်နက်ကြီးပစ်ကူ များဖြင့် အင်အားသုံးထိုးစစ် တိုက်ခိုက်နေသော်လည်း ယမန်နေ့ စက်တင်ဘာ ၂၅ ရက်နေ့အထိ စစ်ကော်မ ရှင်တပ်ဘက်မှ ထိခိုက်သေဆုံးများပြားလျက်ရှိကြောင်း စစ်ရသတင်းရင်းမြစ်ထံမှ သိရသည်။

“အသေခံဒရုန်းတွေအပြင် လက်နက်ကြီးပစ်ကူရော လေကြောင်းပါသုံးပြီး တက်လာလည်း သေတာပဲ။ ရှေ့ရောက်ရင် အပြုံလိုက်။ မနေ့ကလည်း အပြုံလိုက်ထပ်သေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာ ဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်သည် လေးကေ့ကော်မြို့သစ်ကိုရရှိနိုင်ရေးအတွက် စက်တင်ဘာ ၂၁ ရက်မှစတင်ကာ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ၂၃ ရက်တွင် တိုက်ပွဲပြင်းထန်ကာ ၎င်းတို့ဘက်မှ စစ်‌ကြောင်းလိုက် အစုလိုက်အပြုံ လိုက် သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်တပ်သည် ၎င်းတို့၏လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ၏ အကူအညီဖြင့် ထီးမယ်ဝါးခီးကျေးရွာဘက်မှာ ထိုးစစ်ဆင်လာရာ BGF များပါ ထိခိုက်သေဆုံးမှုများနေ၍ ယင်းနေရာ တွင်ပင် ထိုးစစ်ရပ်တန့်နေကြောင်း သိရသည်။

 

ထိုးစစ်ဆင်နေသည့် စွယ်တော်ကုန်းစခန်းသည် လက် နက်ကြီးဗျူဟာကုန်းစခန်းဖြစ်ကာ မြဝတီမြို့ တိုက်ပွဲအပြင် နယ်စပ်လုံခြုံရေးအတွက်ပါ ဗျူဟာကျသည့် စခန်းကုန်းတစ်ခုဖြစ်ကြောင်း သိရသည်။ တော်လှန်ရေးပူးပေါင်းတပ်များသည် အဆိုပါစွယ်တော်ကုန်းခန်းကို ၂၀၂၄ အောက်တိုဘာလအတွင်းက သိမ်းယူနိုင်ခဲ့သည်။

 

လက်ရှိတွင် စစ်ကော်မရှင်တပ်က အာရှလမ်းပေါ်ရှိ တပ်စခန်းနှင့် စခန်းကုန်းများကို ပြန်လည်သိမ်း ယူပြီးနောက် လက်ခတ်တောင်စခန်းကုန်းမှနေ၍လည်း လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက် နေကြောင်း သိရသည်။

 

ပုံစာ -၂၀၂၄ ခုနှစ် စွယ်တော်ကုန်းကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်နိုင်ခဲ့စဉ် (ပုံဟောင်း)