
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်
အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာဒေသ လာဒါမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ကြား ပဋိပက္ခတွေမှာ လူလေးဉီး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေဟာ အိန္ဒိယအစိုးရထံမှ လာဒါဒေသကို ပြည်နယ်အဆင့် တိုးမြှင့်ပေးဖို့ တောင်းဆို ကြတာဖြစ်ပါတယ်။
ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဗုဒ္ဓဟူးနေ့က လာဒါဒေသရဲ့မြို့တော် လာချ်မြို့မှာ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဆန္ဒပြသူအချို့က ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ကာ အချို့က အာဏာရ BJP ပါတီရုံးကို မီးရှို့တာကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ လက်တုံ့ပြန်ခဲ့တာပါ။
အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့က လာချ်မြို့မှာ ညမထွက်ရအမိန့် သတ်မှတ်ပြီးနောက် ဆန္ဒပြပွဲတွေ ထပ်မရှိတော့ပါဘူး။
လာဒါဟာ အိန္ဒိယထိန်းချုပ် ကက်ရှ်မီးယားဒေသရဲ့ အစိတ်အပိုင်းဖြစ်ပြီး တရုတ်နဲ့ ပိုင်နက်နယ် မြေ အငြင်းပွားမှုဖြစ်နေတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။
လာဒါဟာ ယခင်က ဂျန်မူးနဲ့ ကက်ရှ်မီးယားဒေသမှာ ရှိခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာ ဝန်ကြီးချုပ် နာ ရင်ဒရာမိုဒီက လာဒါကို အခြားပြည်နယ်မှခွဲထွက်ကာ ဗဟိုအစိုးရရဲ့ တိုက်ရိုက် ထိန်းချုပ်မှုအောက် ထား ရှိခဲ့ပါတယ်။
ကိုးကား – NHK
Ref; Protests in India’s Ladakh region leave 4 dead, dozens injured