ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်

မြန်မာစစ်တပ်အတွက် မြောက်ကိုရီးယားလုပ်ဗုံးတွေ ဝယ်ယူခြင်းအားဖြင့် မြောက်ကိုရီးယား လက်နက်အစီအစဉ်အတွက် ဝင်ငွေရှာနေတဲ့ ကွန်ရက်တစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း အမေရိကန် နိုင်ငံက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုဟာ မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်တွေကို ငွေကြေးရရှိနေမှု ဖြတ် တောက်ဖို့နဲ့ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ရမ်းသမ်းတိုက်ခိုက်နေမှုကို ထောက်ကူနေတဲ့ ကုန်သွယ်မှုကို တန်ပြန်ဖို့ ရည်ရွယ်ကြောင်း အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာအခြေစိုက် စစ်လက်နက်ဝယ်ယူရေးကုမ္ပဏီ Royal Shune Lei Co Ltd နဲ့ အရေးပါတဲ့ လူ ပုဂ္ဂိုလ်တွေဖြစ်တဲ့ အောင်ကိုကိုဉီး၊ ကျော်သူမျိုးမြင့်နဲ့ တင်မျိုးအောင်တို့ကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း အ မေရိကန်၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

ပေကျင်းမြို့တော်အခြေစိုက် မြောက်ကိုရီးယား သတ္တုတူးဖော်ရေးလုပ်ငန်း KOMID မှ ဒုတိယ ကိုယ်စားလှယ် ကင်ယောင်ဂျူဟာ မြန်မာလေတပ်အတွက် ဗုံးအမျိုးအစားနှစ်ခုနဲ့ လေကြောင်းစောင့် ကြည့်ရေးကိရိယာတွေ ရောင်းချဖို့ Royal Shune Lei Co Ltd မှ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ တယ်လို့ ထုတ်ပြန်ချက်က ပြောပါတယ်။

အာဆီယံဒေသရှိ စီးပွားရေးကွန်ရက်မှတစ်ဆင့် ပြည်ပဝင်ငွေတွေကို ခဝါချနေတဲ့ မြောက်ကိုရီး ယားနိုင်ငံသားတစ်ဉီးဖြစ်သူ နမ်ချိုလ်အွန်ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ကြောင်း ထုတ်ပြန်ချက်က ဖော်ပြပါ တယ်။

“မြောက်ကိုရီးယားနိုင်ငံရဲ့ တရားမဝင် လက်နက်အစီအစဉ်ဟာ အမေရိကန်နဲ့ မဟာမိတ်တွေအ တွက် တိုက်ရိုက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်” လို့ အကြမ်းဖက်မှုဝါဒနှင့် ငွေကြေးထောက်လှမ်းရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဟာလေက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ မြန်မာလိုတိုင်းပြည်မျိုးနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ကျွမ်း ကျင်သူတွေနဲ့ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂအဖွဲ့က စောင့်ကြည့်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပထမသက်တမ်းမှာ ယင်းသို့သော ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ ကြိုးပမ်းမှုတွေထဲမှာ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ စစ်ခေါင်းဆောင်တွေ အုပ် ချုပ်တဲ့ မြန်မာနိုင်ငံသို့ ဒုံးကျည်ပညာရှင်တွေ စေလွှတ်တာနဲ့ စစ်လက်နက်ထုတ်လုပ်ဖို့ ကုန်ပစ္စည်းတွေ တင်ပို့တာ ပါဝင်ပါတယ်။

ကိုးကား – Reuters
Ref; US imposes sanctions on arms network linking North Korea and Myanmar