ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

ထိုင်းနဲ့ကမ္ဘောဒီးယားဟာ နယ်စပ်တစ်လျှောက် တပ်ဖွဲ့ဝင်တွေတပ်စွဲထားမှု လျှော့ချကာ တင်း မာမှုတွေ အရှိန်လျှော့သင့်တယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးသစ် ဆီဟာဆတ်က စက်တင်ဘာလ ၂၅ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

သူ့ရဲ့ဉီးစားပေးအလုပ်မှာ ထိုင်းနဲ့ကမ္ဘောဒီးယားကြား ငြိမ်းချမ်းရေးရရှိဖို့ဖြစ်တယ်လို့ နိုင်ငံခြား ရေးဝန်ကြီးအဖြစ် တာဝန်စယူတဲ့နေ့မှာ ၎င်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးက ဒီလအစောပိုင်းမှာ သဘောတူခဲ့တဲ့ တပ်ဖွဲ့အင်အား လျှော့ချခြင်း၊ မြေမြှုပ်မိုင်း ရှင်းလင်းခြင်း၊ တရားမဝင်လုပ်ငန်းတွေကို နှိမ်နင်းခြင်း အပါအဝင် ပူးတွဲလုပ်ငန်းတွေကို အကောင်အ ထည်ဖော်ဖို့ လိုအပ်ကြောင်း သူက ဆက်ပြောပါတယ်။

“ငြိမ်းချမ်းရေးရဖို့ဆိုရင် အကြမ်းဖက်မှုတွေ လျှော့ချနိုင်ရေး နယ်စပ်ဒေသကနေ လက်နက်ကြီး တွေ ရုတ်သိမ်းတာမျိုးလို တပ်ဖွဲ့အင်အား လျှော့ချဖို့ လိုအပ်ပါတယ်” လို့ ဆီဟာဆတ်က ပြောပါတယ်။

“ကျွန်တော်တို့ မူအားဖြင့် ဒီအချက်တွေကို သဘောတူပြီးဖြစ်ပေမယ့် အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားဟာ ကီလိုမီတာ ၈၁၇ ရှိတဲ့ နယ်စပ်တစ်လျှောက် ပိုင်နက်နယ်မြေ အငြင်း ပွားမှုဖြစ်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်ပါတယ်။

အငြင်းပွားနယ်မြေတွေကြောင့် တင်းမာမှုတွေက ဇူလိုင်လအတွင်း လက်နက်ကိုင်ပဋိပက္ခအဖြစ် ပေါက်ကွဲခဲ့ရာ လူ ၄၈ ဉီးထက်မနည်း သေဆုံးခဲ့ပြီး ထောင်နဲ့ချီ စစ်ဘေးရှောင်ခဲ့ရပါတယ်။

ဇူလိုင်လ ၂၈ ရက်မှာ မလေးရှားနိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲခဲ့ပေ မယ့် တင်းမာမှုတွေ ဆက်ဖြစ်နေပါတယ်။

ကိုးကား – Reuters
Ref; New Thai foreign minister calls for troop reductions with Cambodia