
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်
ဧရာ၀တီတိုင်း၊ကြံခင်းမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ကို လိုင်းကြေးပေးကာခွင့်ပြုချက်ယူပြီး လောင်းကစားပွဲများ ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရှိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ဘန်းကုန်းကျေးရွာ ရှိ ကမ်းစပ်သောင်ပြင်တွင် ဂျင်ဝိုင်း၊ ကြက်ဝိုင်းများကို နေ့စဥ်ပြုလုပ်နေခြင်းဖြစ်သည်။
“တစ်ကယ့် ပွဲတော်ကြီးကြနေတာပဲ။ စားသောက်ဆိုင်တွေတောင်လာဖွင့်ထားကြတယ်။ လောင်းကစားသမားတွေလဲနယ်အစုံကလာကြတယ်”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါလောင်းကစားဝိုင်းများကို ရဲတပ်ဖွဲ့မှ နှုတ်ထွက်ထားသူတစ်ဦးမှ ဦးဆောင်ပြီး ပြုလုပ်နေခြင်းဖြစ်ကာ မြို့နယ်အဆင့်တာ၀န်ရှိသူများကို လစဥ်လိုင်းကြေး တာ၀န်ယူပေးနေကြောင်းသိရသည်။
ထို့အပြင် ကြံခင်းမြို့နဘ်အပိုင်ထဲရှိ ဘက်ရဲမြို့တွင်လည်း လောင်းကစားလုပ်ငန်းများကို လုပ်ခွင့်ပြုထားကြောင်း ဒေသခံများက ဧရာဝတီတိုင်းမ်သို့ ယခင်လက သတင်းပေးပို့သဖြင့် ဖော်ပြခဲ့သေးသည်။
ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကော်မရှင်လက်အောက်ခံ ရဲများကိုယ်တိုင်က အရပ်သားများကို မတရားပုဒ်မတပ်ကာဖမ်းဆီး အကြပ်ကိုင် ငွေညှစ်ခြင်း၊ လောင်းကစား ဝိုင်းနင့် နှစ်လုံး၊သုံးလိုင်းဒိုင်များကိုငွေတောင်း၍ လုပ်ကိုင်ခွင်ပြုပေးခြင်း၊ မူးယစ်ဆေး ရောင်းခြင်း၊ သယ်ယူပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။