
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်
ရုရှားတိုက်လေယာဉ်တွေ နေတိုးအဖွဲ့ရဲ့ လေပိုင်နက်ကို ချိုးဖောက်လာရင် နေတိုးအဖွဲ့ဝင်တိုင်း ပြည်တွေက ပစ်ချသင့်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရုရှားတိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေ နေတိုးအဖွဲ့ လေပိုင်နက် အတွင်း ဝင်ရောက်ခဲ့ပြီးနောက် သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။
နေတိုးလေပိုင်နက်အတွင်း ဝင်ရောက်လာတဲ့ ရုရှားတိုက်လေယာဉ်တွေကို နေတိုးအဖွဲ့ဝင်နိုင်ငံ တွေက ပစ်ချ သင့် မသင့် ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တစ်ဉီးက ဒေါ်နယ်ထရမ့်ကို မေးမြန်းခဲ့ ရာမှာ ‘ပစ်ချသင့်တယ်’ လို့ ဖြေကြားခဲ့ပါတယ်။
အခြေအနေပေါ်မူတည်ပြီး အမေရိကန်နိုင်ငံက နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ထောက်ခံပေးသွား မယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဒီလအတွင်း ရုရှားတိုက်လေယာဉ်တွေ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေထဲမှာ အက်စတိုနီးယားနဲ့ ပိုလန်လဲ ပါဝင်ပါတယ်။
လေယာဉ်ကိုပစ်ချဖို့ ဆုံးဖြတ်ချက်ဟာ အခြေအနေပေါ် မူတည်လိမ့်မယ်လို့ နေတိုးအဖွဲ့ အတွင်း ရေးမှူးချုပ် မတ်ခ်ရုတေးက ပြောပါတယ်။
“လေယာဉ်တစ်စင်းကို ချက်ချင်း ပစ်ချရမယ်လို့ မဆိုလိုပါဘူး။ အခြေအနေကို မူတည်ပြီး ပိုင် နက်ချိုးဖောက်တဲ့ လေယာဉ်ကို ပစ်ချ မချ ဆုံးဖြတ်ပါမယ်” လို့ သူက ဆိုပါတယ်။
ရုရှားတိုက်လေယာဉ်တေွ ကျူးကျော်ဝင်ရောက်တာဟာ တင်းမာမှုအရှိန်မြှင့်တဲ့ ထောင်ချောက် တစ်ခုလို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ်ပက်စတိုးရီးယပ်က ပြောကြားခဲ့ပြီး သတိထားဖို့ တောင်း ဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံဟာ ဥရောပတိုက်ရဲ့ ထောက်ခံမှုနဲ့ ရုရှား သိမ်းပိုက်ထားတဲ့ နယ်မြေအားလုံးကို ပြန်ရနိုင်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံပြီးနောက် ဒေါ်နယ်ထရမ့်က သဘောထားပြောင်းလဲကာ လူမှုကွန်ရက်မှာ အခုလို ရေးသားခဲ့တာပါ။
ကိုးကား – NHK
Ref; Trump: NATO members should down Russian planes in NATO airspace