ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

 

ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ လိုအပ်တဲ့ စစ်ရေးနဲ့ စစ်ရေးမဟုတ်တဲ့ နည်းလမ်းအားလုံး အ သုံးပြုမယ်လို့ နေတိုးအဖွဲ့က ရုရှားကို သတိပေးလိုက်ပါတယ်။

 

ရုရှား MiG-31 ဂျက်တိုက်လေယာဉ်သုံးစင်း အက်စတိုနီးယားလေပိုင်နက်ထဲ ၁၂ မိနစ်ကြာ ဝင် ရောက်ခဲ့လို့ နေတိုးအဖွဲ့ဝင် အီတလီဂျက်တိုက်လေယာဉ်တွေက လိုက်လံမောင်းထုတ်ခဲ့ပါတယ်။

 

အစောပိုင်းကလည်း ရုရှားဒရုန်း အစင်း ၂၀ ခန့် ပိုလန်လေပိုင်နက်အတွင်း ဝင်ရောက်ခဲ့ရာ နေ တိုးအဖွဲ့က ဒရုန်းအချို့ကို ပစ်ချခဲ့ပြီး ဥရောပတိုက်အရှေ့ခြမ်း လုံခြုံရေးကို တိုးမြှင့်ခဲ့ပါတယ်။

“အသက်ဘေးခြိမ်းခြောက်ပြီး အန္တရာယ်ရှိတဲ့ ဒီလုပ်ရပ်တွေအတွက် ရုရှားနိုင်ငံက အပြည့်အဝ တာဝန်ရှိပါတယ်” လို့ နေတိုးအဖွဲ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

 

“ရုရှားနိုင်ငံက သံသယမရှိသင့်ပါဘူး။ နေတိုးနဲ့ မဟာမိတ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာ ကွယ်ဖို့ လိုအပ်တဲ့ စစ်ရေးနဲ့ စစ်ရေးမဟုတ်တဲ့ နည်းလမ်းအားလုံး အသုံးပြုမယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

 

အက်စတိုနီးယားလေပိုင်နက်အတွင်း ဝင်ရောက်လာတဲ့ ရုရှားဂျက်တိုက်လေယာဉ်တွေဟာ ခြိမ်း ခြောက်မှုမရှိတာကြောင့် ပစ်မချခဲ့ဘူးလို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရုတေးက ပြောပါတယ်။

 

ရုရှားဒရုန်းတွေဟာ ယူကရိန်းအနောက်ပိုင်းရှိ စစ်ဘက်အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပြီး ပို လန်နိုင်ငံရှိ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ မစီစဉ်ထားဘူးလို့ ရုရှားနိုင်ငံက ပြောပါတယ်။

 

ရုရှားရဲ့ လူမဆန်သော ကျူးကျော်စစ်ကို ခုခံကာကွယ်နေတဲ့ ယူကရိန်းနိုင်ငံကို အဖွဲ့ဝင်နိုင်ငံတွေ က ပံ့ပိုးကူညီမှုတွေ ဆက်လုပ်သွားမယ်လို့ နေတိုးအဖွဲ့က ပြောပါတယ်။

 

ကိုးကား – Reuters
Ref; NATO warns Russia to stop ‘escalatory’ actions after Estonian airspace violation