ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်ရေး ရည်ရွယ်ချက်နဲ့အတူ မြောက်ကိုရီးယားနိုင်ငံနဲ့ မလိုလားအပ်သော စစ်ရေးတင်းမာမှု ဆိုးကျိုးသံသရာ အဆုံးသတ်ဖို့ တောင်ကို ရီးယားသမ္မတ လီဂျေမြောင်က စက်တင်ဘာလ ၂၃ ရက်မှာ ကတိပြုခဲ့ပါတယ်။

နျူကလီးယားလက်နက် ဖျက်သိမ်းရေးဟာ ရေတိုမှာ မအောင်မြင်နိုင်ဘူးဆိုတဲ့ သဘောထားကို အခြေခံပြီး မြောက်ကိုရီးယား နျူကလီးယားအရေးကို အဆင့်လိုက်အဖြေရှာဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပထမဆုံးမိန့်ခွန်းအတွင်း ၎င်းက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အဆင့်လိုက် အဖြေရှာမယ့်အစီအစဉ်ကို ပယ်ချခဲ့ ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ မြောက်ကိုရီးယားကို အင်အားချိနဲ့စေမယ့် ရည်ရွယ်ချက်က မ ပြောင်းလဲဘူးလို့ ပြောပါတယ်။

နျူကလီးယားလက်နက်တွေ စွန့်လွှတ်ဖို့ အမေရိကန်ရဲ့တောင်းဆိုမှု မရပ်တန့်လျင် မဆွေးနွေးစ ရာ မရှိဘူးလို့ ကင်ဂျုံအန်က ပြောကြားခဲ့ပြီး အမေရိကန်ဉီးဆောင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အဆုံးသတ် ရေး နျူကလီးယားလက်နက်ကို ဘယ်တော့မှ မစွန့်လွှတ်ဖူးလို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ စစ်ရေးတင်းမာမှုတွေ လျှော့ချပြီး နှစ်နိုင်ငံကြား ယုံကြည်မှုပြန်လည် ရရှိမယ့် လမ်းကြောင်းတစ်ခုကို စဉ်ဆက်မပြတ် ကြိုးပမ်းမယ်လို့ လီဂျေမြောင်က ဆက်ပြောပါတယ်။

“ကိုရီးယားနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တစ်ဖြည်းဖြည်း တိုးချဲ့ခြင်းအားဖြင့် တာရှည်ခံ သော ငြိမ်းချမ်းရေးရဖို့ လမ်းဖွင့်ပေးမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံနဲ့ ဘယ်တော့မှ ထိတွေ့ဆက်ဆံမှု မလုပ်ဖူးလို့ ကင်ဂျုံအန်က တနင်္ဂနွေနေ့ မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပထမသက်တမ်းအတွင်းမှာ နှစ်သက်စရာ အမှတ်တရတွေ ရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

ဒီနှစ်အတွင်း ကင်ဂျုံအန်နဲ့ တွေ့ဆုံလိုတယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့လအတွင်း ပြောကြားခဲ့ ပေမယ့် အင်္ဂါနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားခဲ့တဲ့ ၅၅ မိနစ်ကြာမိန့်ခွန်းမှာ မြောက် ကိုရီးယားအကြောင်း ဖော်ပြခဲ့တာမရှိပါဘူး။

ကိုးကား – Reuters
Ref; At UN, South Korean leader vows to reduce tensions with North Korea