
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်
တီမောလက်စ်တေးဟာ အောက်တိုဘာလ အာဆီယံထိပ်သီး အစည်းအဝေးမှာ ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင် ဖြစ်လာမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စက်တင်ဘာလ ၂၃ ရက် တီမောလက်စ်တေး ခရီးစဉ်အတွင်း ပြောပါတယ်။
တီမောလက်စ်တေးဟာ အာဆီယံဒေသမှာ သက်တမ်းအနုနယ်ဆုံး တိုင်းပြည်ဖြစ်ပြီး ၂၄ နှစ်ကြာ သိမ်းပိုက်ခံရပြီးနောက် ၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားထံမှ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။
“အာဆီယံအဖွဲ့မှာ တီမောလက်စ်တေးနိုင်ငံ ဝင်ရောက်ခွင့်ရရှိတာဟာ ကျွန်တော်တို့အားလုံးအ တွက် ဧရာမ အကျိုးပြုမှု ဖြစ်လာပါလိမ့်မယ်” လို့ ဒီလီမြို့တော်မှာ တီမောလက်စ်တေးသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာနဲ့ တွေ့ဆုံပြီးနောက် အန်ဝါအီဘရာဟင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၎င်းတို့နှစ်ဉီးဟာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနဲ့ ကာကွယ်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အာဆီယံအဖွဲ့ ဝင်ရောက်ခွင့်ရရှိဖို့ ရာမို့စ်ဟော်တာက ကြိုးပမ်းခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ပထမဆုံးအ ကြိမ် အာဆီယံအဖွဲ့ဝင်ခွင့် လျှောက်ထားမှု တင်သွင်းခဲ့တာပါ။
“ကျွန်တော်တို့ တင်းပြည့် အဖွဲ့ဝင်ဖြစ်ရေးလမ်းကြောင်းမှာ ကျန်ရှိတဲ့ သမိုင်းမှတ်တိုင်တွေ ပြည့် မြောက်ဖို့ မလေးရှား၊ အာဆီယံအဖွဲ့ဝင်အားလုံးနဲ့ အနီးကပ် လက်တွဲဆောင်ရွက်ဖို့ ကတိပြုပါတယ်” လို့ ရာမို့စ်ဟော်တာက ဆိုပါတယ်။
တီမောလက်စ်တေးနိုင်ငံမှာ မညီမျှမှု၊ အာဟာရပြတ်လပ်မှုနဲ့ အလုပ်လက်မဲ့နှုန်း မြင့်မားနေပြီး တိုင်းပြည်စီးပွားရေးဟာ ရေနံသိုက်တွေအပေါ် ကြီးမားစွာ မှီခိုနေပါတယ်။
လွှတ်တော်အမတ် ၆၅ ဉီးအတွက် ဇိမ်ခံကားတွေ ဝယ်ယူဖို့နဲ့ လွှတ်တော်အမတ်ဟောင်းတွေကို တစ်သက်တာ ပင်စင်ခံစားခွင့်ပြုမယ့် အစီအစဉ်ကို ယခုလအစောပိုင်းမှာ ထောင်ချီတဲ့ပြည်သူတွေ ဆန္ဒပြ ခဲ့ပါတယ်။
အောက်တိုဘာလအတွင်း ကွာလာလမ်ပူမြို့တော်မှာကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကို တက်ရောက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပါတယ်။
ကိုးကား – AFP
Ref; Timor-Leste to become Asean’s 11th member in October, formalised at KL summit