
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်
ရုရှားနိုင်ငံက ကျူးကျော်မှု အရှိန်မြှင့်လာရင် ပိုလန်နဲ့ ဘောလ်တစ်နိုင်ငံတွေကို ကာကွယ်ပေး မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
မဟာမိတ်နိုင်ငံတွေဟာ ရုရှားရဲ့ တိုက်ခိုက်မှုခံရလာရင် ကာကွယ်ပေးမှာလားဆိုတဲ့ သတင်း ထောက်တွေရဲ့ မေးမြန်းချက်ကို “ကျွန်တော် မဟာမိတ်တွေကို ကာကွယ်ပေးမှာပါ” လို့ ၎င်းက ဖြေကြား ခဲ့ပါတယ်။
ယူကရိန်းအပေါ် တိုက်ခိုက်မှုတစ်ခုအတွင်း ရုရှားဒရုန်း အစင်း ၂၀ နီးပါး ပိုလန်လေပိုင်နက်အ တွင်း ဝင်ရောက်လာပြီးနောက် သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။
ပိုလန်လေပိုင်နက်ထဲ ကျူးကျော်လာတဲ့ ရုရှားဒရုန်းတွေကို နေတိုးအဖွဲ့ ဂျက်တိုက်လေယာဉ်တွေ က ပထမဆုံးအကြိမ်အဖြသ် ပစ်ချခဲ့ပါတယ်။
စက်တင်ဘာလ ၁၉ ရက်မှာ ရုရှား MiG-31 ဂျက်တိုက်လေယာဉ်သုံးစင်း အက်စတိုနီးယား လေ ပိုင်နက်အတွင်း ၁၂ မိနစ်ခန့် ဝင်ရောက်ခဲ့ပြန်ပါတယ်။
အက်စတိုနီးယားလေပိုင်နက်အတွင်း ရုရှားဂျက်တိုက်လေယာဉ်တွေ ဝင်ရောက်တာကို သူ မနှစ် သက်ဖူးလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အက်စတိုနီးယားနိုင်ငံမှာ အဆိုပါဖြစ်စဉ်အပြီးမှာ နေတိုးအဖွဲ့ရဲ့ အပိုဒ် ၄ ကို ပယ်ဖျက်ကာ လုံ ခြုံရေး ခြိမ်းခြောက်မှုနဲ့ပတ်သက်လို့ မဟာမိတ်တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ကိုးကား – The Kyiv Independent
Ref; Trump vows to help defend Poland, Baltic countries if Russian escalations continue