
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေး ရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့ပြီး ကလေးငယ်နှစ်ဦးသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ခေါင်လန်ဖူးပြည်သူ့စစ်နှင့် စစ်ကော်မရှင်ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်ရန်ကြိုးပမ်းနေသည့် လန်ဆယ် ကျေးရွာကို ယနေ့ စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဗုံးစထိမှန်ပြီး ကလေးငယ်နှစ်ဦးသေဆုံးခဲ့ကာ နေအိမ်များပျက်စီး ခဲ့ကြောင်း သိရသည်။
“ခေါင်လန်ဖူးနဲ့ ဆော့လော်မြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်နေတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးလာတာ။ လန်ဆယ်ကိုတော့မရောက်သေးဘူး။ တိုက်ပွဲမရှိတဲ့လန်ဆယ်ကို ဗုံးကြဲ သွားတာပါ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ညနေပိုင်းတွင် လန်ဆယ်ကျေးရွာကို ထပ်မံ ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့က စတင်ကာ လန်ဆယ်ကျေးရွာ အထက်ဘက်ရှိ လာဟီဆင်တောင် ကြောကို စစ်ကော်မရှင့်နှင့် ပူးပေါင်းတပ်က ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ရာ ယနေ့အထိ တိုက်ပွဲပြင်း ထန်လျက်ရှိသည်။
ပုံစာ- လန်ဆယ်ကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရစဥ်။