ဓာတ်ပုံ - အလယ်ပိုင်းတ်ုင်းစစ်ဌာနချုပ်

ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃ ရက်

ရှမ်းပြည််နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံ PDF တပ်ရင်း ၂ ၊ KNDF B03 တို့မှ ထီရိ စစ်ကောင်စီစခန်းကို မေလ ၁၂ရက်နေ့တွင် ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်ဘက်မှ လက်နက်ချခဲ့သော တပ်သား ၂ဦး နှင့် PNO ၃ဦးအား NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ထိန်းသိမ်းထားခဲ့ကြောင်း သတင်းထုတ်ပြန်ထာသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် ဖယ်ခုံ PDF တပ်ရင်း ၂ မှ သုံ့ပန်း ၅ဦးအား ထိန်းသိမ်းထားသော စခန်းကို ရောက်ရှိပြီး တွေ့ဆုံစကားပြောခဲ့ရာ ၎င်းတို့အနေဖြင့် ” နေရပ်သို့ပြန်လျှင် အရေးယူခံရမည်စိုးသောကြောင့် မပြန်လိုသေးကြောင်း၊ ကျန်မားရေး ကောင်းမွန်ပြီးအဆင်ပြေပြေ နေရကြောင်း၊ ကျန်ရှိနေသည့် မိသားစုကိုလည်း သူတို့အတွက် မစိုးရိမ်ဖို့ သိစေချင်တယ် ” ဟု ပြောဆိုကြောင်း သိရသည်။

ထို့ကြောင့် ဖယ်ခုံ PDF တပ်ရင်း ၂ မှ ၎င်းတို့၏ မိသားစု ဝင်များအား သိရှိစေရန်အတွက် ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ရေးသားထုတ်ပြန်ထားသည်။